The Economist

★★★ ❝ အသောကမင်း ❞ ★★★

≡≈≡≈≡≈≡≈≡≈≡≈≡≈≡≈≡≈≡≈≡≈≡≈

★အိန္ဒိယနိုင်ငံ၏ သားကောင်းရတနာ ဘုရင်တစ်ပါးဖြစ်သော အသောကမင်းကြီးသည် ခရစ်တော် မပေါ်မှီက (၂၆၈)ခုနှစ်တွင် အိန္ဒိယထီးနန်းကို ဆက်ခံခဲ့သည့် ဧကရာဇ်မင်းတစ်ပါးဖြစ်သည်။ သမိုင်းမှတ်တမ်းဝင်ဘုရင်များအနက် အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့သော တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သည်ဟု စာရေးဆရာကြီး (အိပ်-ဂျီဝဲလ်)က ဆိုထားသည်။ စစ်ကိုစွန့်ပယ်ခဲ့သော အသောကမင်းသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည့်ခဲ့သည်။ ဗုဒ္ဓဘာသာ သာသနာကို လူအများသက်ဝင်ယုံကြည်လာစေရန် ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ်ကြီးလည်းဖြစ်သည်။ အသောကမင်းကြီး၏ ဘဝနှင့်ခံယူချက်များအား သူပိုင်သောနယ်မြေအတွင်းတွင် ရေးထိုးထားသော ကျောက်စာများတွင်တွေ့ရှိနိုင်သည်။ ထိုကျောက်စာများအနက်မှ အချို့အား အိန္ဒိယနိုင်ငံအနှံ့အပြားတွင် ယနေ့တိုင်တွေ့ရှိနိုင်သေးသည်။ ကျောက်စာများ၏ ပထဝီအနေအထားအရ အသောကမင်းကြီး၏ နယ်ပယ်အကျယ်အဝန်းကို နှောင်းလူများခန့်မှန်းခွင့် ရခဲ့ကြသည်။ အသောကမင်းကြီးသည် ဗုဒ္ဓ၏ ဓမ္မကို မိမိ၏ဘာသာရေး ဒဿ     နအဖြစ်လက်ခံခဲ့ပြီးနောက် တိုင်းသူပြည်သားများအား မှန်ကန်သစ္စာရှိမှု, သနားကြင်နာမှု, အကြမ်းမဖက်မှုစသည့် တရားများဖြင့် အုပ်ချုပ်ခဲ့သည်။ တင်းကျပ်လွန်းသော ဥပဒေများကို လျှော့ချပေးခြင်း, တိရိစ္ဆာန်ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း, လမ်းများဖေါက်ပေးခြင်း, ဆည်မြောင်းတာတမံများ ဆောက်လုပ်ပေးခြင်း စသည်တို့ကို တိုင်းသူပြည်သားများအတွက် ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံအနှံ့အပြားတွင် ရေတွင်း,ရေကန်များလည်း တူးဖော်လှူ ဒါန်းခဲ့သည်။ အထူးခြားဆုံးမှာ တခြားဘာသာများအားလည်း လွတ်လပ်စွာကိုးကွယ်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများလည်း စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းတွင် ဗုဒ္ဓသာသနာ အထူးပင်စည်ပင်ဖွံ့ဖြိုးခဲ့သည်။ (BC-226)တွင် အသောကမင်းကြီး ကွယ်လွန်ခဲ့သည်ဟု အချို့သမိုင်းမှတ်တမ်းများတွင် ဖော်ပြကြသည်။ စာရေးဆရာကြီး (အိပ်ခ်ျ -ဂျီ -ဝဲလ်)က သူရေးသားထားသော (The Outline of History)ဆိုသော စာအုပ်ထဲတွင် အသောကမင်းကြီးအား ဤကဲ့သို့ ချီးကျူးပြောဆိုထားပါသည်-

❛❨သမိုင်းစာမျက်နှာများတွင် ထောင်ပေါင်းများစွာရှိနေသည့် ဘုရင်, ဧကရာဇ်, မင်းညီမင်းသားများ၏ အမည်နာမများကြားတွင် အာသောက၏ အမည်နာမသည် တစ်စင်းတည်းသော ကြယ်တာရာအဖြစ် ထီးထီးကြီးပင် ဝင်းလက်တောက်ပနေသည်။ ဗော်လဂါမြစ်မှသည် ဂျပန်ပြည်အထိ အသောက၏ အမည်နာမသည် အလေးအမြတ်ပြုခံရတုန်းပင်ရှိသည်။ တရုတ်ပြည်နှင့် တိဗက်ပြည်အပြင် အိန္ဒိယသည်ပင် သူ့အဆုံးအမသြဝါဒများကို စွန့်လွှတ်လိုက်ပြီဖြစ်သော်လည်း သူ၏ကြီးကျယ်မြင့်မြတ်မှု အစဉ်အလာကိုမှု ထိန်းထားလေသည်။ (ကွန်စတင်တိုင်း), (သျှာလမိန်း)ဆိုသောနာမည်များကို ကြားဖူးနားဝရှိနေသူများထက် သူ့ကိုတစ်လေးတစ်စား အမှတ်တရ ရှိနေကြသူများ၏ ဦးရေက ယနေ့ပို၍ပင် များပြားနေသည်❩❜ဟု ချီးကျူးပြောဆိုထားသည်။

★ ❛ စစ်ဘုရင်ဘဝ ❜ ★

*****************

★အသောကမင်းကြီးအား မည်သည့်ခုနှစ်တွင် မွေးဖွားခဲ့သည်ဟူသော သမိုင်းအထောက်အထားမှာ ယခုထိ အတိအကျမသိရသေးပေ။ (BC-300)ခန့်ကဖြစ်မည်ဟူသော ခန့်မှန်းချက်များသာရှိသည်။ အသောကသည် အိန္ဒိယနိုင်ငံ၏သမိုင်းတွင် ပထမဆုံးသောအင်ပါယာကို တည်ဆောက်နိုင်ခဲ့သည့် စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်သည်။ ဘိုးတော်၏အင်ပါယာတွင် မပါဝင်ပဲကျန်ရှိသော အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့အား ဆက်လက်သိမ်းပိုက်ရန် အသောကသည် ကြိုးပမ်းခဲ့သည်။ တိုင်းနိုင်ငံငယ်လေးများအား တိုက်ခိုက်အောင်ပွဲခံလာပြီးနောက် နန်းသက်(၈)နှစ်မြောက်တွင် အိန္ဒိယအရှေ့ဖက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်တွင်ရှိသည်)သို့ ဝင်ရောက်တိုက်ခိုက်လေသည်။ ကလိင်္ဂကတိုင်းသားများက ရဲရဲဝံ့ဝံ့နှင့် ပြန်လည်ခုခံခဲ့သောကြောင့် လူပေါင်းများစွာ သေကြေပျက်ဆီးရလေသည်။ သို့သော် ကလိင်္ဂတိုင်းသည်လည်း နောက်ဆုံးတွင် အသောကလက်သို့ ကျရောက်ဩားခဲ့သည်။ ထိုစစ်ပွဲတွင် ဩေးသံရဲရဲနှင့် အနိဌာရုံများကို မြင်တွေ့ရသောအခါ အသောကမင်းသည် စိတ်အာရုံတုန်လှုပ်ခြောက်ခြားခဲ့ရသည်။ စစ်နှင့်ပတ်သက်သော လုပ်ငန်းများကိုလည်း စိတ်ကုန်ဩားခဲ့သည်။ ထိုအချိန်မှစ၍ ကျူးကျော်စစ်မှန်သမျှကို စွန့်လွှတ်ရန်ဆုံးဖြတ်ခဲ့သည်။

★ကလိင်္ဂတိုင်းကို အောင်မြင်ပြီးသောအခါတွင် အိန္ဒိယတောင်ပိုင်းရှိ အနည်းငယ်မျှသော နယ်မြေများသာ အသောကမင်း၏ အင်ပါယာထဲတွင် မပါဝင်ပဲရှိလေသည်။ အသောက၏ အင်ပါယာအားနှင့် ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ဆိုပါက အလွယ်တကူပင် အောင်မြင်နိုင်သော်လည်း စစ်ပွဲကိုစွန့်လွှတ်ခဲ့သော အသောကမင်းကြီးသည် တရားမင်းပီသပါပေသည်ဟု သမိုင်းဆရာများက တစ်ညီတစ်ညွတ်တည်း လက်ခံထားကြသည်။

★ ❛ သာသနာပြုမင်းဘဝ ❜ ★

*********************

★ကလိင်္ဂတိုင်းတွင် စစ်ကိုငြီးငွေ့ဩားသော အသောကမင်းကြီးသည် ဗုဒ္ဓ၏ ဓမ္မဘက်တွင် စိတ်ကိုမြှုပ်နှံထားခဲ့သည်။ စစ်ဘုရင်ဘဝမှ သာသနာပြုမင်းမြတ်အဖြစ်သို့ ပြောင်းလဲဩားသော အသောကမင်းကြီးအား ဗုဒ္ဓမှလွဲလျှင် ဗုဒ္ဓသာသနာကို ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံးဆောင်ရွက်နိုင်ခဲ့သူဟု ကျမ်းပြုဆရာတစ်ယောက်ဖြစ်သော (Michael H.Hart)ကဆိုးထားသည်။ သာသနာပြုများနှင့် တမန်တော်များအား အနောက်အာရှ, ဥရောပနှင့် အာဖရိကဒေသများသို့ စေလွှတ်ခဲ့သည်။ အသောကမင်းရဲ့ အယူအဆမှာ ဓမ္မဆိုသည်မှာ မန္တန်ရွတ်ဖတ်ပူဇော်ခြင်း, ဘာသာရေးဓလေ့ထုံးတမ်းများကို လိုက်နာခြင်းထက် လူ့လောက, လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းသာ ဖြစ်သည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် ပြည်သူများအတွက် ဥယျာဉ်များ, လမ်းများ, ရေတွင်းရေကန်များ, ဆေးရုံများ ပြု ပြင်ဆောက်လုပ်ပေးခဲ့သည်။ မိန်းမများ ပညာသင်ကြားနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပါဋလိပုတ္တရ တစ်ဝိုက်တွင် ဗုဒ္ဓတက္ကသိုလ်များ တည်ဆောက်ပေးခဲ့သည်။ ထိုကျောင်းများသို့ တရုတ်ပြည်နှင့် အနောက်အာရှရှိ ဝေးကွာသောနိုင်ငံများမှ ကျောင်းသားများပင် ပညာလာသင်ကြားကြသည်။ ထိုကျောင်းသားများသည် မိမိတို့ဇာတိသို့ ပြန်ဩားသောအခါ ဗုဒ္ဓသာသနာတော်ကို ဆောင်ကြဉ်းဩားကြလေသည်။ လူများအတွက်သာမက သတ္တဝါအပေါင်းအား သနားကြင်နာသောအားဖြင့် တိရိစ္ဆာန်များကိုသတ်ဖြတ်၍ ယစ်ပူဇော်သောဓလေ့ကို တားဆီးခဲ့သည်။ တိရိစ္ဆာန်ဘေးမဲ့ဂေဟာများ တည်ထောင်ပေးရုံသာမက, တိရိစ္ဆာန်ဆေးကုသရေး ဌာနများပင် တည်ဆောင်ပေစခဲ့သည်။

★အသောကမင်းကြီးလက်ထက်တွင် ဗုဒ္ဓသာသနာ သန့်ရှင်းစင်ကြယ်စေရန်အတွက် တတိယ သံဃာယနာ တင်တော်မူခဲ့သည်။ ထိုသာသနာပွဲအား ပါဋလိပုတ္တရမြို့တွင် တင်ခဲ့ခြင်းဖြစ်သည်။ သာသနာတော် (၂၃၅)ခုနှစ်, တတိယသံဃာယနာတင်ပြီးချိန် တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန်ရည်ညွှန်း၍ ထိုနှစ် တပို့တွဲလအတွင်း၌ပင် အသောကမင်းတရားကြီးနှင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ     မထေရ်မြတ်တို့က (ကိုးတိုင်းကိုးဌာန) ပြည်နယ်တို့ကို ဥပသမ္ပဒကံဆောင်နိုင်စေရန် ခေါင်းဆောင်တစ်ပါးနှင့် သံဃာငါးပါးစီကို စေလွှတ်ကြွချီတော်မူကြသည်။

★သီဟိုဠ်သို့ ညီတော်မဟိန္ဒ နှင့် နှမတော်

သဃင်္မိတ္တာအား စေလွှတ်၍ ဗုဒ္ဓဂယာရှိ ဗောဓိပင်မှ ညောင်ကိုင်းတစ်ကိုင်းအား ယူဆောင်ဩားစေသည်ဟု အဆိုရှိခဲ့သည်။ သီဟိုဠ်တွင် ဗုဒ္ဓသာသနာပြန့်ပွားလာပြီး ထိုမှတဆင့် မြန်မာနိုင်ငံရှိ မွန်လူမျိုးများထံသို့ ဗုဒ္ဓသာသနာ ရောက်ရှိလာသည်ဟုဆိုကြသောကြောင့် အသောကမင်း၏ ကျေးဇူးသည် မြန်မာနိုင်ငံအပေါ်တွင်လည်း မကင်းခဲ့ဟု ဆိုနိုင်ပါသည်။

★ ❛ အသောကမင်း ❜ ❛ (BC 304-232) ❜ ★

********************************

★ကမ္ဘာ့သမိုင်း၌ ဘုန်းလက်ရုံးနှင့်ပြည့်စုံကြ၍ ကျယ်ဝန်းသော နိုင်ငံတော်ကြီးများကို တည်ထောင်ခဲ့ကြသော ဧကရာဇ်မင်းများအနက် အသောကမင်းတရားကြီး၏အမည်သည် အခြားသော ဧကရာဇ်မင်းများ၏ ကျော်ကြားထင်ရှားနည်းမျိုးဖြင့် မဟုတ်ဘဲ ကမ္ဘာတစ်လွှား၌ ထင်ပေါ်ကျော်ကြားခဲ့ပေသည်။ ယင်းသို့ တစ်မူထူးခြား၍ ကျော်ကြားရခြင်းမှာ အသောကမင်းတရားသည် မေတ္တာ, ကရုဏာ, စေတနာတရားတို့ကို အရင်းခံထား၍ လူသတ္တဝါအများ၏ လောကီလောကုတ္တရာ နှစ်ဖြာချမ်းသာရေးကို ရှေးရူလျက် မိမိ၏နိုင်ငံတော်ကို အခြားအခြားသော ဧကရာဇ်တို့ကဲ့သို့ အာဏာစက်ဖြင့် မအုပ်စိုးမူ၍ ဓမ္မစက်ဖြင့်သာ အုပ်စိုးခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အသောကမင်းတရားကြီး၏ ဘွဲ့နာမသည် ဥရောပအနောက်စွန်းမှသည် အာရှတိုက်အရှေ့စွန်းသို့တိုင်အောင် ယခုခေတ်အထိ မမှေးမိန်ပဲ အလေးအမြတ်ပြုခြင်းကို ခံယူရလျက်ပင်ရှိပေသည်။

★(BC-300)ခုနှစ်ခန့်က ဂရိဧကရာဇ် (အယ်လက်ဇနအ သ-ဂရိတ်)၏ ဂရိတပ်များသည် အိန္ဒိယအနောက်မြောက်ပိုင်းမှ ဝင်ရောက်တိုက်ခိုက်လာ၍ အိန္ဒု မြစ်ဝှမ်းတစ်ခွင်၌ လွှမ်းမိုးကြီးစိုးလာကြသောအခါ ယင်းတို့အား ဂင်္ဂါမြစ်ဝှမ်းသို့မရောက်စေရန် တွန်းလှန်တိုက်ခိုက်ခဲ့သည်။ နောင်အခါကျယ်ဝန်းကြီးမားသော မောရိယနိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့သူ စန္ဒဂုတ္တမင်းတရားကြီး၏ မြေးတော်ဖြစ်သော သီရိဓမ္မာသောကမင်းဟုလည်း ခေါ်တွင်သော အသောကမင်းသည် ဗိန္ဓုသာရမင်းနှင့် ဓမ္မာမိဖုရားတို့၏ သားတော်တစ်ပါးဖြစ်ပေသည်။ (BC-304)ခုနှစ်ခန့်တွင် ဖွားမြင်သည်ဟုခန့်မှန်းကြသည်။ အသောကမင်းအရွယ်ရောက်လျှင် အဝန္တိတိုင်း, ဥဇ္ဇေနီပြည်ကြီးကို စားရသည်။ ဥဇ္ဇေနီပြည်စား မင်းသားဘဝ၌ပင် သာကီဝင်သူဌေးသမီးဖြစ်သော ဝေဋိသဒေဝီကို ယူခဲ့၍ နောင်အခါ ဗုဒ္ဓသာသနာပြု မထေရ်မြတ်တစ်ပါးဖြစ်လာသော ရှင်မဟိန္ဒထေရ်လောင်းနှင့် သင်္ဃမိတ္တာထေရီလောင်း, သားတော်နှင့် သမီးတော်တို့ကို ရခဲ့သည်။

★တစ်ခါတစ်ပါး ဗိန္ဓုသာရမင်းကြီး နာမကျန်းဖြစ်တော်မူသည်ဟု ကြားသိရလျှင် အသောကမင်းသည် ဝေဋိသဒေဝီနှင့် သားတော်သမီးတော်တို့ကို ဥဇ္ဇေနီပြည်၌ပင်ထားခဲ့၍ ခမည်းတော်ရှိရာ ပါဋလိပုတ္တနေပြည်တော်သို့ အလျင်အမြန်လာခဲ့၍ ခမည်းတော်အားလုပ်ကျွေးပြုစုသည်။ ခမည်းတော် ခန္ဓာငြိမ်းလျှင် နိုင်ငံအလုံးကိုသိမ်းပိုက်လိုက်လေသည်။ ထိုအခါ တက္ကသိုလ်ပြည်၌ သူပုန်သူကန်တို့ကိုနှိမ်နင်းနေသည့် နောင်တော်သုမန မင်းသားခေါင်းဆောင်သော (အသောကမင်းသားနှင့်တစ်မိတည်းမဟုတ်သည့် ) (ကိုးကျိပ်ကိုးယောက်)သော ညီနောင်မင်းသားတို့သည် သမုဒ္ဒရာလှိုင်းထသကဲ့သို့ စစ်ကြီးချီလာ၍ ပါဋလိပုတ္တနေပြည်တော်ကို ဝန်းရံလုပ်ကြံကြသော်လည်း အရေးမလှကြပဲ သေကြေပျက်စီးကြရလေသည်။

★အသောကမင်းသည်  ထီးနန်းကိုသိမ်းပိုက်ပြီး၍ (၄)နှစ်ကြာမှသာလျှင် (BC-270 ပြည့်ဟု ခန့်မှန်းကြသည်) ရာဇဘိသေကကို ခံယူတော်မူသည်။ စာပေအထောက်အထားများအရ ရာဇဘိသေကမခံယူမီ တက္ကသိုလ်ပြည်၏ သူပုန်သူကန်ရန်ကို နှိမ်နှင်းခြင်းစသော နိုင်ငံနော်ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်လျက်ရှိနေကြောင်း ယူဆရပေသည်။ ဘိုးတော်နှင့် ခမည်းတော်တို့နည်းတူ နိုင်ငံတော်ကိုချဲ့ထွင်ခဲ့ကြောင်းလည်း သိရသည်။ ရာဇဘိသေကခံယူသောအခါ (ဒေဝါနံပီယ)ဟူသော ဘွဲ့ကိုလည်းကောင်း,

(ပီယဒဿီ)ဟူသော ဘွဲ့ကိုလည်းကောင်း ခံယူသည်။ တစ်မိတည်းဖွား ညီတော်ဖြစ်သော တိဿ     ကုမာရ အား အိမ်ရှေ့အရာအပ်နှင်းသည်။ အဂ္ဂမဟေသီမိဖုရားကြီးကား အသန္ဓီမိတ္တတည်း။ ဝေဋိသဒေဝီသည် သားတော် မဟိန္ဓ နှင့် သမီးတော် သိင်္ဃမိတ္တာတို့ကို ပါဋလိပုတ္တနေပြည်တော်သို့ ပို့စေ၍ မိမိမူ ဝေဒိဿ     ဂီရိမြို့၌ပင် နေလေသည်။ မင်းတရားကြီးသည် နိုင်ငံနော်အုပ်ချူ ပ်ရေးကို စည်းစနစ်ကျနစွာဖြင့် ဆောင်ရွက်သည်။ နိုင်ငံတော်အတွင်း၌ နယ်ပယ်အသီးသီးသို့ မင်းညီမင်းသားများနှင့် ယုံကြည်စိတ်ချရသော အမတ်ကြီးများကို စေလွှတ်ကာအုပ်ချူ ပ်စေသည်။ ပြည်နယ်ကြီးများ အုပ်ချူ ပ်ရသူကို ရာဇူကဟုခေါ်၍ ခရိုင်ဝန်အဆင့်အတန်းရှိသူများကို ပြာဒီသိကဟု ခေါ်သည်။ နိုင်ငံနော်တစ်ခုလုံးကို ဌာနအသီးသီးခွဲ၍ အုပ်ချူပ်စေရာ, ဌာနတာဝန်ခံကို မုခဟုလည်းခေါ်၍ မဟာမတ္တဟုလည်းခေါ်သည်။ အုပ်ချူ ပ်ရေးအတွက် ခွဲခြားထားသော ဌာနများတွင် စက်မှုလက်မှုလုပ်ငန်းဌာန, အခွန်တော်စည်းကြပ်ရေးဌာနနှင့် စစ်တမ်းကောက်ယူရေးဌာန, နိုင်ငံတွင်း နိုင်ငံပ ကူးသန်းရောင်းဝယ်ရေးဌာန, တိုင်းရင်းထွက်ကုန်ပစ္စည်းများ စီမံခန့်ခွဲရေးဌာန, အမြတ်တော်ကြေးဌာနတို့လည်း ပါဝင်သည်။

★စစ်ဘက်၌လည်း ယင်းသို့ပင် ဌာနများခွဲ၍ အုပ်ချူ ပ်ရာ ရေကြောင်း, စားနပ်ရိက္ခာ, ခြေလျင်တပ်, မြင်းတပ်, ရထားတပ်, ဆင်တပ် စသည့်ဌာနတို့ဖြစ်သည်။ အခြားနိုင်ငံများနှင့်လည်း သံတမန်လဲလှယ်ဆက်ဩယ်ကာ ချစ်ကြည်စွာဆက်ဆံခဲ့ရာ ဂရိနိုင်ငံသည်လည်း အသောကမင်းကြီး၏ မောရိယနိုင်ငံတော်နှင့် အဆက်အဩယ်ရှိခဲ့သည်။ အုပ်ချူ ပ်ရေးကို ဆောင်ရွက်ရာ၌ မင်းတရားကြီးသည် အချိန်မရွေး နေရာမရွေးဆောင်ရွက်သည်။ နိုင်ငံငြိမ်းချမ်းသာယာမှုကို မင်းတရားကြီးသည် ကိုယ်ရေးထက်မကပင် အလေးပြုပေသည်။ အသောကမင်းတရားကြီးရေးထိုးခဲ့သော  ကျောက်စာတစ်ချပ်၌- ❛❛တစ်လောကလုံး၏ ကောင်းကျိုးချမ်းသာအတွက် ဆောင်ရွက်ရန်တာဝန်ထက် ကြီးလေးသော တာဝန်သည်မရှိ။ ငါကြီုးပမ်းအားထုတ် လုပ်ကိုင်ဆောင်ရွက်သမျှတို့သည်လည်း ဝေနေယျ သတ္တဝါတို့အား ဤပစ္စုပ္ပန်ဘဝ၌ ချမ်းသာသုခဖြစ်စေရုံသာမက နောင်တမလွန်ဘဝပါ ကောင်းရာသုဂတိသို့ ရောက်ကြဈေခင်းငှာ ငါ၌ ဆောင်ရွက်သည့်တာဝန်တည်းဟူသော ကြွေးမြီမှ လွတ်ကင်းစေရန်ဖြစ်သည်❞ဟူ၍ ပါရှိလေသည်။

★ဆိုခဲ့သည့်အတိုင်း မင်းတရားကြီးသည် ကျယ်ပြန့်သော နိုင်ငံတော်ကြီးကို တည်ထောင်နိုင်သည်သာမက နိုင်ငံတော်ကြီးကို စနစ်တကျ စီမံခန့်ခွဲအုပ်ချူ ပ်နိုင်ခဲ့လေရာ မင်းတရားကြီး၏ အမိန့်ရာဇသံကို ပါဋလိပုတ္တနေပြည်တေည်မှ အိန္ဒု မြစ်ဝှမ်းသို့တိုင်လည်းကောင်း, အာရေဗျပင်လယ်သို့တိုင်လည်းကောင်း မပျက်မကွက် ဦးထိပ်ရွက်ဆင်၍ နာခံကြရလေသည်။ အသောကမင်းတရားကြီးသည် ဖွားတော်မူသည်မှစ၍ မင်းအဖြစ်သို့ရောက်သည့်တိုင်အောင် မျိုးရိုးစဉ်လာအတိုင်း ဗြဟ္မဏအယူဝါဒီတစ်ဦးဖြစ်သည်။ ဘိုးတော်, ခမည်းတော်တို့ ပြုသကဲ့သို့ပင် အာဇီဝကတို့အား ကိုးကွယ်၍ နေ့စဉ် အာဇီဝက (၆၀ ၀၀၀)တို့အား နန်းတော်၌ ဆွမ်းဝတ်ပြုသည်။ သို့သော် ဘိသိက်ခံ၍ (၄)နှစ်မြောက်ပြီးနောက်တွင် နိဂြောဓ သာမဏေငယ်ကို အကြောင်းပြု၍ ဗုဒ္ဓအယူဝါဒ၌ သက်ဝင်ယုံကြည်သော ဥပသကာတစ်ဦးဖြစ်လာပြီးလျှင် သာမဏေငယ်၏ ဆရာတော်ဖြစ်သော အရှင်မောဂ္ဂလိပုတ္တတိဿ      မထေရ်မြတ်နှင့်တကွ များစွာသော ရဟန္တာအရှင်မြတ်တို့ကို ရိုသေစွာ ဆည်းကပ်ကိုးကွယ်သည်။ ရဟန်းသံဃာတို့နေစိမ့်သောငှာ ပါဋလိပုတ္တနေပြည်တော်၏ အရှေ့နောင်ဘက်၌ အသောကာရာမကျောင်းတော်ကြီးကို ဆောက်လုပ်လှူ ဒါန်းခဲ့ရာ အသောကမင်းတရားကြီး၏ ပထမဆုံးသော ကုသိုလ်တော်အဆောက်အအုံကြီး ဖြစ်ပေသည်။

★ရာဇဘိသေက ခံယူပြီးနောက် (၈)နှစ်အကြာ (BC-262)ခုနှစ်တွင် အသောကမင်းကြီးသည် အရှေ့ဘက်ပင်လယ်ကမ်းခြေ, မဟာနဒီနှင့် ဂိုဒါဝရီမြစ်တို့စပ်ကြားရှိ ကလိင်္ဂတိုင်း(သြရိဿ     )တိုင်းကို သိမ်းဩင်းရန် ရေတပ်, ကြည်းတပ် အလုံးအရင်းနှင့် ချီတက်လုပ်ကြံရာ အလိုတော်ပြည့်သည်။ ထိုအချိန်တွင် အသောကမင်းကြီး၏ နိုင်ငံတော်သည် တောင်ဘက်စွန်းပြည်နယ်ငယ်အချို့မှအပ အိန္ဒိယကျွန်းဆွယ်တစ်ခုလုံး ပါဝင်ခဲ့လေသည်။

★ကလိင်္ဂစစ်ပွဲတွင် အသောကမင်းကြီး၏ ရာဇဝင်ကြောင်းကို လမ်းပြောင်းလိုက်သော စစ်ပွဲကြီးဟု ဆိုရပေမည်။ မင်းတရားကြီးသည် ကလိင်္ဂကို အောင်နိုင်ရသော်လည်း ရွှင်လန်းအားရခြင်း မဖြစ်နိုင်တော့ပေ။ ဩေးချောင်းစီးအောင် အပြင်းအထန်တိုက်ခိုက်ခဲ့ကြသဖြင့် ကလိင်္ဂတိုင်းရင်းသား သိန်းသောင်းမက သေကြေပျက်ဆီးကြရသည်။ ထောင်သောင်းချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ကြရသည်။ ယင်းတို့ကို ကိုယ်တော်တိုင် မျက်ဝါးထင်ထင်တွေ့မြင်ရသောအခါ လက်နက်အားကိုးဖြင့် သူတစ်ပါးအား နှိပ်စက်သတ်ဖြတ်မိခြင်းကို ယူကြုံးမရဖြစ်မိသည်။ ရန်သူများကိုလည်း သနားစာနာမိသည်။ လူအချင်းချင်းအပေါ်ဝယ် မေတ္တာတရား, ကိုယ်ချင်းစာ တရားတို့ကိုသာ ပွားများမိလေသဖြင့် စစ်အတိုက်အခိုက်၌ များစွာငြီးငွေ့ စက်ဆုတ်ဩားသည်။ နိုင်ငံသူနိုင်ငံသားတို့အား စိတ်ဝမ်းချမ်းမြေ့စွာဖြင့် နေထိုင်စေလိုသောစိတ်များဖြစ်ပေါ်လာသည်။ ထို့ကြောင့် မိမိထက်အင်အားငယ်သော နိုင်ငံများကို လက်နက်အင်အား လူအင်အားဖြင့် ဖိနှိပ်တိုက်ခိုက် အနိုင်ယူသည်ထက် မေတ္တာတရားဖြင့် အနိုင်ယူတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။

★ကလိင်္ဂမှ နေပြည်တော်သို့ ပြန်ရောက်သောအခါ မေတ္တာတရားနှင့် ဂရုဏာတရားတို့ကို အရင်းခံထား၍ သူတစ်ပါးအား ညှင်းပန်းနှိပ်စက်မှုကို မလိုလား, အားမပေးသော ဗုဒ္ဓအယူဝါဒကို ပို၍ကြည်ညိုလေးစားကာ ထက်ထက်သန်သန်ဆည်းကပ်ကိုးကွယ်ခြင်းကို ပြု ပြီးလျှင် သာသနာတော်ကိုများစွာ ချီးမြောက်တော်မူသည်။ တရားတော်နှင့်လျော်ညီစွာ နေထိုင်ကျင့်ကြံနိုင်ရန် ကိုယ်တော်တိုင်လည်း ကိုယ်စိတ်နှစ်ပါးကို အထူးပြု ပြင်တော်မူသည်။ မိမိသာမက မိမိ၏မိဖုရား, သားတော်, သမီးတော်, ခြွေရံသင်းပင်း အသိုက်အဝန်းနှင့်တကွ မိမိ၏နိုင်ငံသားအားလုံးတို့၏ ပစ္စုပ္ပန်နှင်တမလွန်အကျိုး စီးပွားဖြစ်ထွန်းရေး, လူသားအချင်းချင်း, ပြည်ထောင်အချင်းချင်း ချစ်ကြည်ငြိမ်းချမ်းရေးအတွက် ကောင်းမြတ်သောတရားဓမ္မဖြင့်သာ အောင်မြင်ရာသည်ဟူသော ဓမ္မဝိဇယဝါဒကို လိုက်နာကျင့်သုံးစေလေသည်။

★နိုင်ငံတော်အတွင်း၌ ဗုဒ္ဓအယူဝါဒကို ကြည်ညိုလေးစားလာသူများ ပေါများလာအောင် အားထုတ်သည်။ နိုင်ငံတော်အတွင်း၌ အရာထမ်းအမှုထမ်းများကို သက်ဆိုင်ရာပြည်နယ်များ၌ (၅)နှစ်တစ်ကြိမ် လှည့်လည်၍ တရားဓမ္မများကို လူအများအား ဟောကြားပြသရန် ညွှန်ကြားသည်။ ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာ အစရှိသော ဘုရားရှင်နှင့်စပ်လျဉ်း၍ အထွက်အမြတ်ထားသော အရပ်များသို့ အဖူးအမျှော်ဩားရောက်ပြီးလျှင် ထိုနေရာအရပ်များ၌ အထိမ်းအမှတ်အဆောက်အအုံများ စိုက်ထူတည်ဆောက်ခဲ့သည်။ မိမိဆောင်ရွက်ခဲ့သမျှအကြောင်းအရာများနှင့် တရားဓမ္မအဆုံးအမတို့ကို ကြာရှည်စွာမပျောက်မပျက်တည်တံ့စိမ့်သောငှာ နိုင်ငံတော်အတွင်းရှိ နယ်ပယ်အသီးသီးတို့၌ ကျောက်တိုင်များ, ကျောက်ပြားများ, ကျောက်ဂူ လိုဏ်နံရံများတွင် ကမ္ဗည်းကျောက်စာထွင်း၍ အနှံ့အပြား၌ မော်ကွန်းထားခဲ့သည်။ နိုင်ငံတော်အတွင်း အနှံ့အပြညး၌ မော်ကွန်းကျောက်စာများဖြင့် မှတ်တမ်းတင်ထားခဲ့ရာ မိဂဒါဝုန်, လုမ္ဗိနီ စသော ဗုဒ္ဓအယူဝါဒဆိုင်ရာ အထွက်အမြတ်နေရာများ၌လည်းကောင်း, ပါဋလိပုတ္တနေပြည်တော်မှ မိုင်ပေါင်း (၁၀၀၀၀)ကျော်ဝေးသော အိန္ဒိယအနောက်မြောက်ဒေသ ပက်သျှဝါခရိုင်၌လည်းကောင်း, ဘုံဘိုင်ပြည်နယ်အတွင်း၌လည်းကောင်း, သြရိဿ      (ကလိင်္ဂတိုင်း)ပြည်နယ်အတွင်း၌လည်းကောင်း, စသဖြင့် အိန္ဒိယကျွန်းဆွယ်တစ်ခုလုံး နေရာအနှံ့အပြား၌ တွေ့ရရာ စုစုပေါင်း ကျောက်တိုင် (၃၀)ကျော်ခန့် စိုက်ထူခဲ့သည်ဟု ခန့်မှန်းကြသည်။ ကျောက်စာရေးထိုးရာ၌ အက္ခရာနှစ်မျိုး အသုံးပြုကြောင်းတွေ့ရသည်။ တစ်မျိုးမှာ လက်ယာမှလက်ဝဲဘက်သို့ရေးရသော ခရောသျှဋ္ဌီအက္ခရာမျိုးဖြစ်၍ တစ်မျိုးမှာ ဗြာဟ္မီအက္ခရာမျိုးဖြစ်ရာ ဒေဝနာဂရီနှင့် ယခုအိန္ဒိယအက္ခရာများ၏ မူလအခြေခံအက္ခရာများဖြစ်ကြသည်။ မင်းတရားကြီးသည် အယူဝါဒရေးဆိုင်ရာ, လူမှုရေးဆိုင်ရာ အဆောက်အအုံများစွာတို့ကိုလည်း ဆောက်လုပ်ကုသိုလ်ပြုခဲ့သည်။ လူမျိုးမရွေး, ဇာတ်မရွေး, မရှိဆင်းရဲသားတို့အား နေ့စဉ်ပေးကမ်းစွန့်ကြဲသည်။ မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များကို ရှာဖွေစုဆောင်းပြီးလျှင် ဗုဒ္ဓဝါဒီအပေါင်းတို့ ဆည်းကပ်ကိုးကွယ်နိုင်စေရန် ထူပါရုံစေတီတော်များ တည်ဆောက်ခဲ့သည်။ ယင်းတို့အနက် ဗိုပေါပြည်နယ်, ဆန်ချီအရပ်ရှိ သဦ္စစေတီတော်ကြီးသည် အဓိကရထူပါရုံကြီးတစ်ဆူ ဖြစ်ပေသည်။ ဘုရားရှင် ဟော်ကြားတော်မူခဲ့သော ဓမ္မက္ခန္ဓာ (၈၄၀၀၀)ကို အထိမ်းအမှတ်ပြုသောအားဖြင့် ဇမ္ဗူ ဒိပ်ကျွန်းအလုံး နေရာအနှံ့အပြား၌ စေတီတော်ပေါင်း (၈၄၀၀၀), ရေတွင်းရေကန်ပေါင်း (၈၄၀၀၀)ကို လှူ ဒါန်းခဲ့သည်။ သာသနာ့အမွေခံနိုင်ရန် သားတော်နှင့်သမီးတော်တို့ကိုပင် သာသနာ့ဘောင်သို့ ဩတ်ဩင်းချီးမြှင့်ခဲ့သည်။ အသောကရာမကျောင်းမှအပ အခြားသောအရပ်များ၌လည်း သံဃာများအတွက် ကျောင်းများဆောက်လုပ်လှူ ဒါန်းခဲ့၍ ပစ္စည်းလေးပါး အထောက်အပံ့လည်း ပေးခဲ့ပေသည်။ အသောကမင်းတရားကြီးသည် လူအပေါင်းအား ကိုယ်စိတ်နှစ်ပါး ဆင်းရဲအောင် နှိပ်စက်ညှင်းပန်းခြင်းမပြုပေ။ မင်းတရားကြီးသည် မိမိတို့နိုင်ငံသားတို့အတွက်သာမဟုတ် ကျောသားရင်သားမခွဲခြားပဲ ကမ္ဘာတစ်လောကလုံးရှိ လူ,သတ္တဝါတို့၏ ကောင်းကျိုးချမ်းသာအတွက် လိုလားတော်မူသော စိတ်ထားရှိကြောင်းကို မလိကတိုင်းတွင် စိုက်ထူခဲ့သော ကျောက်စာတစ်ခု၌- ❛❛ငါသည် ငါ၏သားတော်, သမီးတော်တို့အတွက် ဤမျက်မှောက်ဘဝ၌သာမက နောင်တမလွန်ဘဝ၏ ကောင်းကျိုးကိုပါ လိုလားတော်မူသကဲ့သို့ လူခမ်သိမ်းတို့အတွက်လည်း လိုလားတော်မူသည်။ လက်အောက်ခံ လူမျိုးတို့၏စိတ်၌ မင်းတရားကြီးသည် ငါတို့၏ဖခင်သဖွယ်ဖြစ်ပါပေသည်။ ငါတို့ကို သူ့ကိုယ်အား သူချစ်သကဲ့သို့ ချစ်ပါပေသည်။ ငါတို့ကား မင်းတရားကြီး၏ သားသမီးသဖွယ်ဖြစ်ပါပေသည်❞ဟူ၍ အောက်မေ့သဘောထားလာရန် ဆောင်ရွက်ရမည်ဟု အရာထမ်းအမှုထမ်းများ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားချက်အရ သိရလေသည်။

★လူသားတို့အတွက်သာမက တိရိစ္ဆာန်များအပေါ်၌လည်း ကြင်နာသနားထောက်ထားတော်မူသည်။ ဗုဒ္ဓဝါဒီအဖြစ် ကူးပြောင်းလာပြီးနောက်တွင် သားသတ်ရုံများ၌ အသတ်အဖြတ်လျော့နည်းနိုင်သမျှ လျော့နည်းစေသည်။ တိရစ္ဆာန်များအတွက် ရေတွင်းရေကန်များတူးဖော်ပေးသည့်အပြင် တိရစ္ဆာန်များအတွက် ဆေးရုံများလည်း ဆောက်လုပ်ပေးထားလေသည်။ မင်းတရားကြီးသည် နိုင်ငံသာယမှု, ဝပြောစည်ပင်မှု, တိုးတက်မှု၌ အရပ်ရပ်တို့ကိုလည်း ဆောင်ရွက်တော်မူသည်။ မောရိယနိုင်ငံတော်အတွင်း ခရီးအဩားအလာ လွယ်ကူဈေခင်းငှာ ဖြောင့်ဖြူးသော လမ်းကြီး, လမ်းငယ် အဩယ်ဩယ်တို့ကို ဖောက်လုပ်သည်။ လမ်းဘေး တစ်ဖက်တစ်ချက်စီတွင် ခရီးဩားများအရိပ်ရစေရန် သစ်ပင်များကို စိုက်စေသည်။ ခရီးသည်မျာ တစ်စခန်းမှ တစ်ခန်းသို့ ခရီးအဆင့်ဆင့်ဩားကြရာ၌ အပန်းဖြေနားနေရန် ဇရပ်အဆောင်ဆောင်တို့ကို ဆောက်စေသည်။ လူနှင့် တိရစ္ဆာန်တို့အတွက် ဆေးဝါးလုံလုံလောက်လောက်ရရှိစေရန် နိုင်ငံတော်အနှံ့အပြား၌ ဆေးဝါးပင်များကိုလည်း စိုက်စေသည်။ နိုင်ငံတော်အတွင်း ကောက်ပဲသီးနှံအထွက်ကောင်းစေရန် ဆည်းမြောင်းများဖို့ပေးသည်။ ပြု ပြင်သင့်သည်ကို ပြု ပြင်တူးဖေါက်ပေးသည်။ သစ်သီးခြံကြီးများကို ပြုစုပျိုးထောင်ပေးသည်။

★အသောကမင်းတရားသည် ဗုဒ္ဓသာသနာကို လွန်စွာချီးမြှင့်လင့်အစား အခြားသော ဘာသာအယူဝါဒများအား အပြစ်ဆိုခြင်း, ရှူတ်ချ ခြင်း, မပြုချေ ။ ကိုယ်တော်တိုင်သာမက နိုင်ငံတော်အတွင်းရှိ လူခပ်သိမ်းတို့အား တစ်ဦး၏အယူဝါဒကို တစ်ဦးက ရှူတ်ချ ခြင်း, ပြစ်တင်ခြင်းမပြုရန်လည်း အမိန့်ထုတ်ထားခဲ့သည်။ ဗုဒ္ဓသာသနာအတွက် စေတီပုထိုး, ကျောင်းကန်ဇရပ်တို့ကို ဆောက်လုပ်လှူ ဒါန်းသည့်နည်းတူ အာဇီဝကများအတွက်လည်းကောင်း, ဂျိန်းဝါဒီများအတွက်လည်းကောင်း, အယူဝါဒရေးရာ အဆောက်အအုံများကို ထိုက်သင့်သလိုဆောက်လုပ်လှူ ဒါန်းလေသည်။

★သို့သော် မင်းတရားကြီးသည် ဗုဒ္ဓသာသနာတော်ကို လွန်စွာချီးမြှင့်သဖြင့် သာသနာတော်တွင် အလွန်ပြန့်ပြောသော လာဘသက္ကာရဖြစ်သည်။ ထိုအခါ လာဘ်လာဘကို မျှော်ကိုး၍ တိတ္ထိတက္ကတွန်းတို့သည် ရဟန်းခွင်သို့ခိုးဝင်ကြရာ  သာသနာတော်တွင် အညစ်အကြေးတင်လာသည်။ ထို့ကြောင့် မင်းတရားကြီးသည် အရှင်မောဂ္ဂလိပုတ္တတိဿ     မထေရ်၏ အဆုံးအမကိုယူ၍ သာသနာတော်တွင်းမှ ရဟန်းတုရဟန်းယောင်များကို ဖယ်ရှားရှင်းလင်းပစ်ပြီးနောက် သာသနာတော်သန့်ရှင်းဩားစေရန် သာသနာသက္ကရာဇ် (၂၃၅)ခုနှစ်တွင် အရှင်မောဂ္ဂလိပုတ္တတိဿ     မထေရ်ကိုပင် အမှူးထား၍ တတိယ သင်္ဂါယနာ တင်တော်မူလေသည်။

★သာသနာတော်သန့်စင်ဩားပြီးနောက် သာသနာကိုအဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲစေလိုသော ဆန္ဒသည် မင်းကြီး၌ ပြင်းပြလှသည်။ ထို့ကြောင့် အရှင်မောဂ္ဂလိပုတ္တတိဿ     မထေရ်မြတ်အား သာသနာတော်သည် နောင်အခါ အဘယ်အရပ်၌ တည်လတ္တံ့နည်းဟု မေးလျှောက်လျှင် အရှင်မထေရ်မြတ်က ပစ္စန္တရာဇ်တိုင်း၌ တည်လတ္တံ့ဟု ဖြေကြားချက်အရ ပစ္စန္တရာဇ် ကိုးဌာန (ကိုးတိုင်းကိုးဌာန)သို့ သာသနာပြု ရဟန္တာရှင်မြတ်တို့အား စေလွှတ်၍ ဗုဒ္ဓသာသနာပျံ့နှံ့ရေးကို ဆောင်ရွက်တော်မူလေသည်။ ထိုမျှမကသေး အသောကမင်းကြီး၏နိုင်ငံတော်သည် ဂရိစသော အနောက်နိုင်ငံများနှင့်လည်း အဆက်အဩယ်ရှိသဖြင့် ဆီးရီးယား, အီဂျစ်, ဂရိစသော နိုင်ငံတို့သို့လည်း ဗုဒ္ဓသာသနာတော်၏ အရှိန်အဝါ ပျံ့နှံ့ကျရောက်ခဲ့လေသည်။ အသောကမင်းတရားကြီးသည် နိုင်ငံတော်စည်ပင်သာယာဝပြောရေး, ခပ်သိမ်းသော သတ္တဝါတို့၏ လောကီ လောကုတ္တရာ ကောင်းကျိုးချမ်းသာရေးအတွက် အသက်ထက်ဆုံး ကြိုးပမ်းဆောင်ရွက်တော်မူပြီးလျှင် (BC-232)ခုနှစ်ခန့်တွင် လွန်တော်မူ(ကွယ်လွန်)သည်။

★အသောကမင်းတရားကြီး၏ အကြောင်းနှင့်စပ်လျဉ်း၍ ကမ္ဘာကျော်စာရေးဆရာကြီး (အိပ်-ဂျီ-ဝဲ)က- ❝ကမ္ဘာ့ရာဇဝင်အစောင်စောင်တို့တွင် ထင်ရှားကျော်ကြားကြကုန်သော မင်းဧကရာဇ်များစွာအနက် အသောကမင်းတရားကြီးတစ်ပါးတည်းသာလျှင် ကြယ်တာရာအလား ထွန်းလင်းတောက်ပခြင်းရှိ၍ ယင်း၏ဘွဲ့တော်နာမသည် (ရုရှ)ဗော်လဝါမြစ်မှသည် ဂျပန်နိုင်ငံတိုင်အောင် ကမ္ဘာတစ်လွှား၌ ပြန့်မွှေးကျော်ကြားလျက် အလေးအမြတ်ပြု ခြင်းကို ခံရလေသည်❜❜ဟု ကမ္ဘာ့သမိုင်းအကျဉ်းချူ ပ်စာအုပ်ကြီး၌ ဖော်ပြချီးကျူးရေးသားထားလေသည်။

★❛အသောကကျောက်စာမြန်မာဘာသာပြန်❜★

********************************

★အရှင် အာဒိစ္စဝံသ ဆရာတော် (၁၈၈၃-၁၉၅၁)သည် အသောကမင်းကြီး၏ သြဝါဒအနုသာသနိကျောက်စာတော်များကို မူလပါဠိဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုတော်မူသည်။ ယင်းကျောက်စာများကို အင်္ဂလိပ်, ဟိန္ဒီ, သက္ကတ စသည့်ဘာသာအသီးသီးသို့ ပြန်ဆိုပြီးဖြစ်သော်လည်း မြန်မာဘာသာသို့ပြန်ဆိုခြင်းမပြုရသေးသဖြင့် ပြန်ဆိုရခြင်းဖြစ်ပေသည်။ ဆရာတော်သည် ပါဠိဘာသာကိုသာမက သက္ကတ, အူရဒူ, ဗင်္ဂလိ, ဟိန္ဒီ, ဂုရု, မုခိ, အင်္ဂလိပ်နှင့် ဂျာမန်ဘာသာတို့ကိုလည်း လေ့လာဆည်းပူးထားသဖြင့် အသောကကျောက်စာများကို ပါဠိဘာသာမှ ပြန်ဆိုရာတွင် အင်္ဂလိပ်, ဟိန္ဒီ, သက္ကတ စသည့် ဘာသာပြန်မှုများနှင့်လည်း ညှိနှိုင်းတိုက်ဆိုင်ခဲ့လေသည်။ ယင်ဘာသာပြန်သည် (၁၉၃၁-၁၉၃၂)အတွက် ဝေလမင်းသားစာပေဆု ရရှိခဲ့သည်။

❛ကိုးကား❜

★ဝီကီပီးဒီးယား

★မြန်မာ့စွယ်စုံကျမ်း

★ဒေါက်တာတင်အောင်, မင်းကျော်, နတ်နွယ်, လှသမိန် (ရန်ကုန် စာပေဗိမာန်)ဘာသာပြန်စာပေစာတမ်းများ, ပြည်သူ့လက်စွဲစာစဉ်ဒုတိယတွဲ

★ဆရာပါရဂူဘာသာပြန်သည့်, ကမ္ဘာ့အကြောင်းတစေ့တစောင်း

★★ကျမ်းဂန်များကပြောတဲ့ အသောကမင်း★★

********************************

★အသောကဘုရင်ဟာ မာဂဓတိုင်းရဲ့ ဘုရင်ဖြစ်တယ်။ သူ့ရဲ့ခမည်းတော်ဟာ ဗိန္ဓုသာရမင်းကြီးဖြစ်ပြီး ဒီမင်းကြီးမှာ မိဘုရား(၁၆)ပါးနဲ့ သားတော်(၁၀၁)ရှိတယ်။ အသောကဘုရင် အကြောင်း မှတ်တမ်းတင်ထားတဲ့ အဓိကပါဠိ ကျမ်းဂန်တွေကတော့ ‘‘ဒီပဝံသ’’ ၊ ‘‘မဟာဝံသ’’၊ နဲ့ ‘‘သမန္တပါသာဒိကာ’’ ကျမ်းတွေဖြစ်ပြီး အခြားတွေ့ရတဲ့ ကျမ်းဂန်တွေကတော့ ‘‘ဒိဗျာဝဒါနကျမ်း’’၊ ‘‘အ၀ဒါနသတက’’ ကျမ်းတွေဖြစ်တယ်။

★ဒီပဝံသနဲ့ မဟာဝံသမှာတော့ ဗိန္ဓုသာရမင်းကြီးရဲ့ သားတော်(၃)ပါးကို သာဖော်ပြထားတယ်။ သားတော်အကြီးဆုံးက သုမနမင်းသား (မြောက်ပိုင်းကျမ်းဂန်တွေမှာ သုသီမ လို့ရှိတယ်)၊ ပြီးတော့ အမေတူညီ၊ အစ်ကိုတွေဖြစ်တဲ့ အသောကမင်းသားနဲ့ အငယ်ဆုံးသား တိဿ မင်းသားလို့ဆိုထားတယ်။ ပြီးတော့ အသောကမင်းသားမှာ နှမတော်တစ်ယောက်

ရှိကြောင်း၊ အဲဒီနှမတော်ရဲ့သား အဂ္ဂိဗြာဟ္မဏနဲ့ အသောကမင်းသားရဲ့သမီးတော် သံဃာမိတ္တာတို့ စုံဖက်ရာကမြေးတော် သုမန မင်းသားဖွားမြင်တယ်လို့လည်းတွေ့ရပါတယ်။

★မဟာဝံဋီကာမှာ အသောကမင်းသားရဲ့ မယ်တော့်အမည်ကို ဓမ္မာလို့ဆိုထားပြီးအဂ္ဂမဟေသီဖြစ်ကြောင်း၊ မောရိယအနွယ်ဖြစ်ကြောင်း တွေ့ရပေမဲ့ ‘‘အသောကာဝဒါနမာလာကျမ်း’’ လိုမြောက်ပိုင်းကျမ်း ဂန်တွေကတော့ မယ်တော်ဟာစမ္ပာ ဗြာဟ္မဏရဲ့သမီးဖြစ်ပြီးသုဘဒရင်္ဂီ ဖြစ်ကြောင်းဆိုထားပါတယ်။ ဓမ္မာမိဘုရားကြီးမိသားစု ဆည်းကပ်ကိုးကွယ်တာကတော့ အာဇီဝိကဇနသာနတက္ကတွန်းဖြစ်တယ်။ ဒီအချက်က အသောကဘုရင်ဟာ အစောပိုင်းကာလမှာ အာဇီဝိကဂိုဏ်းကို ကိုးကွယ်ဆည်းကပ်ခြင်းရဲ့ အကြောင်းရင်းဖြစ်နိုင်ပါတယ်။

★အသောကမင်းသားဟာ ငယ်ရွယ်စဉ်အချိန်က အ၀န္တိတိုင်းက၊ ဥဇ္ဇေနီပြည်မှာ မြို့စားအဖြစ် အုပ်ချုပ်စိုးစံရတယ်။ ဒိဗျာဝဒါနမှာ အသောကမင်းသားဟာ တက္ကသီလက ဥတ္တရပထမှာ တပ်စွဲပြီး သူပုန်ရန်ကို နှိမ်နင်းတယ်။ ပြီးတော့ အစ်ကိုတော် သုသီမနေရာမှာ ဆက်ခံအုပ်စိုးတယ် လို့လည်းဖော်ပြထားတယ်။ ဗိန္ဓုသာရမင်းကြီး နာမကျန်းဖြစ်တဲ့အခါ အသောကမင်းသားဟာ ဥဇ္ဇေနီကနေ ပါဋလိပုတ်ကို ဩားရောက်ပြီး ခမည်းတော်ရဲ့ ထီးနန်းကိုသိမ်းပိုက်စိုးစံပါတယ်။ ဒီ လိုသိမ်းပိုက်စိုးစံဖို့ အတွက် အမေတူညီတော် တိဿ ကလွဲပြီး အခြား ညီ၊ အစ်ကိုတော် မင်းသားတွေကိုသတ်ခဲ့လို့ ဘုရင်ဖြစ်တဲ့အခါ အသောကမင်းသားကို စဏ္ဍာသောကဘုရင်၊ ကြမ်းကြုတ်ရက်စက်တဲ့ အသောကဘုရင်လို့ အမည်တွင်ကြောင်း မဟာဝံသက ဆိုထားတယ်။ ဒီ လို သတ်ဖြတ်တယ်ဆိုတဲ့ မှတ်တမ်းဟာ ဘယ်လောက်မှန်ကန်မယ်ဆိုတာ မပြောနိုင်ပါဘူး။

★ဘာကြောင့်တုန်းဆိုတော့ ပါဋလိပုတ် နဲ့ အခြားနေရာတွေမှာ အသောကမင်းကြီးရေးထိုးခဲ့တဲ့ ကျောက်စာတွေအရ၊ ကျောက်စာရေးထိုးတဲ့ ကာလမှာ မင်းကြီးရဲ့ ညီအစ်ကိုတော်၊ ညီမတော်၊ ဆွေမျိုးတော်တွေ အသက်ရှင်လျက်ရှိနေဆဲ ဖြစ်တယ်လို့ ခန့်မှန်းနိုင်လို့ဖြစ်တယ်။ မင်းကြီးဟာ သူရဲ့ညီတော် တိဿ ကို အိမ်ရှေ့ဥပရာဇာ အဖြစ်အပ်နှင်းခဲ့ပေမဲ့ တိဿ မင်းသားဟာ သာသနာဘောင်ဝင်ရောက်ခဲ့ပြီးရဟန္တာမထေရ်မြတ်ဖြစ်ခဲ့တယ်။ ထေရဂါထာအဋ္ဌကထာမှာ အသောကမင်းကြီးရဲ့ အခြားညီတော်တစ်ပါးကိုဖော်ပြထားပြီး ဝိတသောကလို့ အမည်တွင်ပါတယ်။ ဒီ မင်းသားဟာလည်း ရဟန်းအဖြစ် သာသနာဘောင်ဝင်ရောက်ပြီး ရဟန္တာဖြစ်ခဲ့တယ် လို့ဆိုတယ်။

★အသောကမင်းကြီးမှာ မိဘုရားတစ်ပါးမက ရှိတယ်။ သူ့ရဲ့ပထမမိဘုရားဟာ ဝေဒိသဂိရိကကုန်သည်တစ်ဦးရဲ့သမီးဖြစ်ပြီးဥဇ္ဇေနီကို အဩား ကုန်သည်အိမ်မှာ နားခိုရင်းတွေ့ဆုံခဲ့တာဖြစ်တယ်။ မိဘုရားရဲ့အမည်ဟာ ဒေဝီဖြစ်ပြီး၊ ဝေဒိသဒေဝီလို့ လည်းထင်ရှားတယ်။ ဝေဒိသမိဘုရားဟာဝိဋဋုဘရန်ကြောင့် ဝေဒိသကို ပြောင်းရွှေ့လာတဲ့ သကျမျိုးနွယ်ကဆင်းသက်လာ တယ်လို့မဟာဗောဓိဝံသမှာ ဖော်ပြထားတယ်။

★ဒေဝီမိဘုရားဟာ သားတော် မဟိန္ဒနဲ့ သမီးတော် သံဃမိတ္တာ တို့ကိုဖွားမြင်ခဲ့တယ်။ ဒေဝီမိဘုရားဟာ အသောမင်းကြီး ပါဋလိပုတ်မှာ ခမည်းတော်ရဲ့ ထီးနန်းကို ဆက်ခံစိုးစံတဲ့အခါ မင်းကြီးနဲ့ အတူလိုက်ပါမဩားပါဘူး။ ဘာကြောင့်တုန်းဆို အသောကမင်းကြီးရဲ့ အဂ္ဂမဟေသီဟာ အသန္ဓိမိတ္တာမိဘုရားကြီးဖြစ်တယ် ဆိုတဲ့ဖော်ပြချက်ကြောင့်ဖြစ်တယ်။ မင်းကြီးရဲ့နန်းစံသက် (၁၃)နှစ်မြောက်မှာ အသန္ဓိမိတ္တာမိဘုရားကြီး ကံတော်ကုန်လို့ တိဿ ရက္ခာဆိုတဲ့မိဘုရားတပါးကို ထပ်မံတင်မြှောက်ကြောင်း မဟာဝံသ မှာ ဆိုထားတယ်။ အလ်ဟဘဒ် ကျောက်စာတိုင်မှာ တိဝနရဲ့မယ်တော် ကာရုဝကီမိဘုရားဆိုတာကို တွေ့ရပြီး ဒိဗျာဝဒါနမှာ ကဏာလရဲ့ မယ်တော် ပဒုမာဝတီ မိဘုရားဆိုတာလည်းတွေ့ရတယ်။ ဖော်ပြခဲ့တဲ့ ရင်ဩေးတော်တွေအပြင် ဇလုကာ၊ စာရုမတီ ဆိုတဲ့ အမည်တွေကိုလည်း တွေ့ရပါတယ်။

★အသောကမင်းကြီးဟာ သာသနာနှစ် (၂၁၈) နှစ်မှာ ထီးနန်းစိုးစံပြီး၊ နောက်(၄)နှစ်အကြာမှာ ဘိသိက်ဩန်းလောင်းခဲ့တယ်လို့ မဟာဝံသမှာ ဖော်ပြထားတယ်။ ဒီအစဉ်လာ သမိုင်းကျမ်းတွေထဲမှာ အသောကမင်းကြီးရဲ့ ထူးခြားတဲ့တန်ခိုးစွမ်းအားတွေ အကြောင်းကိုလည်းရေးသားထားတယ်။ မင်းကြီးရဲ့ အမိန့်အာဏာစက်ဟာ မြေအထက် တစ်ယုဇနာ၊ မြေအောက် တစ်ယူဇနာထိ ပြန့်နှံ့ပါတယ်တဲ့။ နတ်တွေဟာ နေ့တိုင်း မင်းကြီးထံကို အနောတတ္တရေအိုင်ကနေ ရေတော်ဆက်ရတယ် လို့ဆိုတယ်။ အခြား မွန်မြတ်တဲ့ သုံးဆောင်ဖွယ်ရာတွေကိုလည်း ဆက်သရပါတယ်တဲ့။ ဘီလူးတွေ၊ နဂါးတွေ၊ ကရဝိတ်ငှက်တွေနဲ့ ကြွက်တွေတောင် မှ မင်းကြီးထံ နေ့စဉ် ခစားကြရသတဲ့။ အချို့တိရစ္ဆာန်တွေဟာ စားဖိုဆောင်တော်ရဲ့ အပြင်ဘက်ကိုလာရောက်ကြပြီး မိမိတို့အသားနဲ့ မင်ကြီးစားတော်တည်ဖို့အတွက် ကိုယ်တိုင်လာရောက် အသေခံကြတယ်လို့ ဆိုပါတယ်။

★အသောကမင်းကြီး ထီးနန်းတက်စ အချိန်တုန်းကတော့ သူ့ရဲ့ခမည်းတော် ဝတ်ဆောက်တည်ခဲ့တဲ့ အလှူဝတ်ကိုမပြတ်စေဘဲ ဆက်လက် အလှူပေးခဲ့တယ်။ သို့သော်လည်း မင်းကြီးဟာ သိပ်မကြာခင်မှာ ဘဲ သူ့ခမည်းတော် လှူဒါန်းခဲ့တဲ့ ဘာသာရေး ဆရာတွေကို စိတ်လိုမကျဖြစ်ပြီး မြင့်မြတ်စင်ကြယ်တဲ့ အလှူခံပုဂ္ဂိုလ်၊ ဘာသာရေး ခေါင်းဆောင်ကို ရှာဖွေခဲ့တယ်။ အဲလို ရှာဖွေနေတဲ့ကာလမှာဘဲ နန်းတော် ပြတင်းပေါက်ကနေ ဆွမ်းခံကြွလာနေတဲ့ မင်းကြီးရဲ့တူတော် နိဂြောဓ သာမဏေကို ဖူးတွေ့ခဲ့ရတာ ဖြစ်တယ်။ နိဂြောဓ သာမဏေကလေးကို ဖူးတွေ့ရတဲ့အခါ အသောကမင်းကြီးဟာ ချက်ချင်းကြည်ညိုဩားခဲ့ပြီး နန်းတော်ကိုပင့်ဖိတ်ခိုင်းပါတယ်။ ဒီလို သာမဏေလေးကို ချက်ချင်းကြည်ညိုစိတ်ဖြစ်ရတာဟာ ရှေးအတိတ်ဘ၀က ပါရမီအတူ ဖြည့်ဆည်းခဲ့ဖူးလို့ ဖြစ်သတဲ့။ အသောကမင်းကြီးရယ်၊ သီဟိုဠ်ကျွန်းရဲ့ဘုရင် ဒေဝါနံပိယတိဿဘုရင်ရယ်၊ နိဂြောဓ သာမဏေရယ် ဒီသုံးဦးသား ဟာ ရှေးအတိတ်ဘ၀တစ်ခုမှာ ပျားရည်ကုန်သည် ညီနောင်တွေဖြစ်ခဲ့ကြပြီး ပစ္စေကဗုဒ္ဓါအရှင် မြတ်တစ်ပါးကို ပျားရည် အတူလှူဒါန်းခဲ့ဖူးပါတယ်။

★အသန္ဓိမိတ္တာ မိဘုရားကတော့ အဲဒီအချိန်တုန်းက ပစ္စေကဗုဒ္ဓါအရှင်မြတ် ကိုပျားရည် ကုန်သည်တွေထံ ညွှန်ပြခဲ့သူ မိန်းမပျို ဖြစ်ခဲ့ကြောင်း မဟာဝံသ မှာဖော်ပြထားတယ်။ နိဂြောဓ သာမဏေကလေး ဟာ အသောကမင်းကြီးကို အပ္ပမာဒဝဂ်က တရားဂါထာတော်ကို ဟောကြားတဲ့အခါ၊ မင်းကြီးအလွန်နှစ်သက် ကြည်ညိုမူဖြစ်ခဲ့တယ်။ အဲဒီအချိန်ကစပြီး အသောကမင်းကြီးဟာ အစဉ်အဆက်လှူလာတဲ့ အခြားဘာသာ အတွက် လှူဒါန်းမူကိုရပ်ဆိုင်းပြီး၊ နိဂြောဓသာမဏေနဲ့ ဗုဒ္ဓဘာသာ သံဃာတော်တွေကို လှူဒါန်းထောက်ပံ့ခဲ့တယ်။ နေ့စဉ်လှူ ဒါန်းမူဟာ အသပြာ ငါးသိန်းဖိုး ပမာဏရှိတယ်လို့ သမန္တပါသာဒိကာ မှာဖော်ပြထားတယ်။ အဲဒီ ငါးသိန်းအနက် တစ်သိန်းဟာ နိဂြောဓ သာမဏေ ကို သီခြားလိုအပ်ရာအတွက် လှူဒါန်းတာဖြစ်တယ်။ နောက်ထပ် တစ်သိန်းဟာ ဗုဒ္ဓမြတ်စွာကို ပန်း၊ အမွှေး နံ့သာများနဲ့ ပူဇော်ဖို့အတွက်ဖြစ်ပြီး နောက် တစ်သိန်းကတော့ ဓမ္မပူဇာ အတွက်ဖြစ်တယ်။ နောက်တစ်သိန်းက သံဃာတော်တွေ ရဲ့ ပစ္စည်းလေးပါးအတွက်ဖြစ်ပြီး နောက်ဆုံး တစ်သိန်းကတော့ နာမကျန်းဖြစ်နေသူတွေအတွက် ဆေး အလှူတော်ဖြစ်ပါတယ်။

★အခြား အသုံးဆောင်လှူဒါန်းမူတွေအပြင် ပန်းနံ့သာတွေနဲ့ တန်ဆာဆင်ထားတဲ့ မင်္ဂလဆင်ထက်မှာ သင်္ကန်းသုံးစုံတင်ပြီး နေ့စဉ်နေ့တိုင်း နိဂြောဓသာမဏေကို လှူဒါန်းခဲ့သတဲ့။ နိဂြောဓ သာမဏေကလေးဟာ ဒီလို လှူဒါန်းလို့ရရှိလာတဲ့ သင်္ကန်းတွေကို အခြားသံဃာတော်တွေ အတွက် ပြန်လည်လှူဒါန်းကြောင်း မဇ္ဈိမ နိကာယ် အဋ္ဌကထာမှာ တွေ့ရတယ်။

★မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ရဲ့ ဟောကြားဆုံးမမူကနေ ဓမ္မခန္ဓာပေါင်း (၈၄၀၀၀) ရှိကြောင်း သိရှိဩားတဲ့ အသောကမင်း ကြီးဟာ ဒီ တရားဓမ္မတွေကို ပူဇော်တဲ့ အနေနဲ့ ကျောင်းတိုက်ပေါင်း (၈၄၀၀၀)ကို မြို့ရွာတွေမှာဆောက်လုပ်လှူဒါန်းခဲ့တယ်။ ပါဋလိပုတ်မှာ အသောကာရာမ ကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းတယ်။ ဗုဒ္ဓမြတ်စွာရဲ့ဓါတ်တော်တွေကို အညီအမျှ ခွဲဝေပြီး အလားတူအရေတွက်ရှိတဲ့ စေတီတော်တွေကိုလည်း တိုင်းပြည်နေရာဒေသ အနှံ့တည်ထားခဲ့တယ်။

★မဟာကာလ နဂါးမင်းရဲ့ ကူညီညွှန်ပြမူနဲ့ ဗုဒ္ဓမြတ်စွာရဲ့ သက်ရှိအဩင် ရုပ်ပွားတော်ကို ထုလုပ်ကိုးကွယ်ခဲ့ပြီး အကြီးအကျယ်ပူ ဇော်လှူဒါန်းခဲ့ပါတယ်။မင်းကြီးရဲ့ နန်းစံသက် (၆) နှစ်မြောက်မှာ အသက်နှစ်ဆယ်ပြည့်ချိန်ရောက်နေတဲ့ သားတော် မဟိန္ဒနဲ့ အသက် (၁၈)နှစ်အရွယ် သမီးတော် သံဃမိတ္တာ တို့ကို မောဂ္ဂလိပုတ္တ တိဿ မထေရ်မြတ်နဲ့ ဓမ္မပါလ မထေရ်မြတ်တို့ထံမှောက်မှာ သာသနာတော်တွင်း ဩတ်ဩင်းချီးမြှောက်ပြီး ပစ္စယဒါယကာ အဖြစ်ကနေ သာသနာ့ဒါယကာ အဖြစ်သို့ ခံယူခဲ့ကြောင်း မဇ္ဈိမနိကာယ် အဋ္ဌကထာမှာ ဖော်ပြထားတယ်။

★အသောကမင်းကြီးရဲ့ ချီးမြှောက်ထောက်ပံ့မူနဲ့ ရှင်မဟာမောဂ္ဂလိပုတ္တ တိဿ မထေရမြတ်ဟာ (မြောက်ပိုင်း ကျမ်းဂန်တွေမှာ မထေရ်မြတ်ရဲ့ ဘွဲ့တော်ကို ဥပဂုတ္တ လို့တွေ့ရတယ်) မသန့်မရှင်း ဖြစ်နေတဲ့ သံဃာ ၊ ပရိသတ်နဲ့ တရားတော်တွေကို သန့်ရှင်းစင်ကြယ်အောင် သုတ်သင်ဖို့ တတိယ သင်္ဂါယနာ သံဃာအစည်းဝေးပွဲကို ကြီးမှူးကျင်းပခဲ့တယ်။ ဒီလိုအစည်းဝေး မကျင်းပခင်က သံဃာတော်တွေဟာ သံဃာ့ ပရိတ်သတ် မစင်ကြယ်တဲ့အတွက် ဥပါသ်မပြု ခဲ့ကြဘူးလို့ ဆိုပါတယ်။ သံဃာတော်တွေကို ညီညွတ်စေချင်တဲ့ မင်းကြီးဟာ အမတ်တစ်ယောက်ကို ညီညွတ်အောင် ပြုလုပ်ဖို့ စေခိုင်းတဲ့အခါ နားလည်မူလွဲဩားတဲ့ အမတ်ဟာ ဥပါသ်မပြုတဲ့ သူတော်ကောင်း ရဟန်းတော်တွေကို သတ်စေခဲ့တယ်။ နောက်ဆုံး မင်းကြီးရဲ့ ညီတော် တိဿ မထေရ်မြတ်က တားမြစ်မှသာ အမတ်ကြီးရဲ့ လုပ်ရပ်ဆိုင်းဩားတယ်လို့ မဟာဝံသ မှာ တွေ့ရတယ်။

★မင်းကြီးရဲ့ နန်းစံသက် (၁၇)နှစ်မှာ သင်္ဂါယနာတင်ပွဲကြီးပြီးစီး အောင်မြင်တဲ့အခါ အတိုင်းတိုင်းအပြည်ပြည်ကို သာသနာပြု အဖွဲ့တွေ စေလွှတ်ခဲ့တယ်။

(၁) ကသ္မီရ နဲ့ ဂန္ဓရတိုင်းကို မဇ္ဈန္တိက မထေရ်၊ (၂) မဟိသာမဏ္ဍလတိုင်း ကို မဟာဒေ၀ မထေရ်၊

(၃) ၀နဝါသတိုင်း ကို ရက္ခိတ မထေရ်၊

(၄) ယောန ဓမ္မရက္ခိတ ကို အပရန္တကတိုင်း

(၅) အပရန္တတိုင်းကို အရှင်ဓမ္မရက္ခိတမထေရ်

(၆) မဟာရက္ခိတ ကို ယောနတိုင်း၊

(၇) မဇ္ဈိ မ မထေရ်ကို ဟိမ၀န္တာ၊

(၈) သောဏနဲ့ ဥတ္တရ မထေရ်တို့ကို သုဝဏ္ဏဘူမိ နဲ့၊

(၉) မဟာ မဟိန္ဒ၊ ဣဋ္ဌိယ၊ ဥတ္တိယ၊ သမ္ဗလ၊ မဒ္ဒ သာလ မထေရ်တို့ကို လင်္ကာ ဒီပ သို့ သာသနာ ပြု ခရီးတွေစေလွှတ်ခဲ့တယ်။ ဒီသာသနာပြု ခရီးတွေရဲ့ အသေးစိတ် အကြောင်းချင်းရာတွေကို သမန္တပါသာဒိကာမှာတွေ့နိုင်တယ်။

★မင်းကြီးရဲ့ နန်းစံနှစ်(၁၈)နှစ်မြောက်မှာ ဒေဝါနံ ပိယတိဿ မင်းရဲ့ တောင်းပန်မူကြောင့် သံဃမိတ္တာထေရီကို ဗုဒ္ဓဂါယာက ဗောဓိပင်ရဲ့ ပင်ပွား အကိုင်းခက်နဲ့အတူ သီဟိုဠ်ကျွန်းကို သာသနာပြု ခရီး ထပ်မံစေလွှတ်ခဲ့တယ်။ ဒီမတိုင်ခင်ကာလ ကလည်း မြေးတော် သုမန ဦးဆောင်စေပြီး ဗုဒ္ဓမြတ်စွာရဲ့ ဓါတ်တော် အချို့နဲ့ သပိတ်တော်ကို သီဟိုဠ်ကျွန်းက ထူပါရုံစေတီတော်မှာ ဌာပနာပြု ပူဇော်ဖို့ စေလွှတ်ခဲ့ပြီးဖြစ်တယ်။ ဒီအကြောင်းရာတွေ ကို မဟာဝံသမှာ တွေ့နိုင်တယ်။

★အသောကမင်းကြီးဟာ နန်းစံသက် (၃၇) နှစ်ထိ စိုးစံတော်မူခဲ့ပြီး နန်းစံသက် နောက်ပိုင်းနှစ်ကာလတွေမှာ မင်းကြီးရဲ့ဗုဒ္ဓသာ နာအပေါ် ချီးမြှောက်ထောက်ပံ့လှူဒါန်းမူတွေကြောင့် ဓမ္မာသောက ဘုရင်ကြီးအဖြစ်ထင်ရှားပါတယ်။ ဒီပဝံသမှာတော့ အသောကမင်းကြီးရဲ့ ဘွဲ့တော်ကို ပီယဒဿီ လို့ အကြိမ်များစွာ ဖော်ပြထားတယ်။ မင်းကြီးရဲ့ ကျောက်စာတွေထဲမှာ ရည်ညွှန်းထားတဲ့ ဒေဝါနံ ပီယ တိဿ ဆိုတဲ့ ဘွဲ့တော်ကတော့ ၊ ခေတ်ပြိုင် လင်္ကာကျွန်း ဘုရင် တိဿ နဲ့ မင်းကြီး ရဲ့ မြေးတော်ဒဿ ရထ ဘုရင်တို့လည်း သုံးနှုန်းတာကို တွေ့ရတယ်။ ပြီးတော့ ဒီဘွဲ့အမည်ကို သီဟိုဠ်ကျွန်းက အခြားဘုရင်တွေလည်း သုံးနှုန်းပါတယ်။

★ဒီကျမ်းဂန်တွေထဲမှာ အသောကမင်းကြီးနဲ့ ဒေဝါနံပီယ တိဿ ဘုရင်တို့ဟာ မဟိန္ဒမထေရ် သီဟိုဠ်ကျွန်းကို သာသနာပြုမကြွရောက်မီ ကတည်းက မိတ်ဆွေတွေဖြစ်တယ် လို့ဆိုထားပါတယ်။ သို့ပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်မတွေ့ဘူးကြဘူး။ တိဿ ဘုရင်က အသောကမင်းကြီးထံ လက်ဆောင် ပဏ္ဏာတွေ ဆက်သတဲ့အခါ မင်းကြီးကလည်း တိဿ ဘုရင် ဒုတိယ အကြိမ် ဘိသိက်ခံယူဖို့အတွက် ထူးခြားကောင်းမြတ်တဲ့ လက်ဆောင်ပဏ္ဏာတွေနဲ့ အတူချစ်ကြည်ရေး သံအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ အသောကမင်းကြီးဟာ ဒီသံအဖွဲ့နဲ့ အတူ အထူးလက်ဆောင်အဖြစ် အမှာစကားလည်း ပါးလိုက်ပါတယ်။

★‘‘ငါသည် ဘုရား၊ တရား၊ သံဃာ တည်းဟုသော ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည်သည် ဖြစ်၍ သကျပုတ္တ တည်းဟုသော ဗုဒ္ဓမြတ် စွာ၏တပည့် ဥပါသကာ တစ်ဦးအဖြစ် ခံယူခဲ့လေပြီ၊ အို ... ယောက်ျားမြတ်ဖြစ်သော အဆွေတော် ... သင်သည်လည်း ယုံကြည်မူ သဒ္ဓါတရားကို ဖွင့်လှစ်၍ လောကတွင် အမြတ်ဆုံးဖြစ်သော ရတနာသုံးပါး၌ ကိုးကွယ်ဆည်းကပ်လေလော့’’

★မိလိန္ဒာပဥှာကျမ်းမှာ တော့ အသောကမင်းကြီးနဲ့ ပါဋလိပုတ်ပြည်ရဲ့ ပြည့်တန်ဆာတစ်ဦးဖြစ်တဲ့ ဗိန္ဒုမတီနဲ့ တွေ့ဆုံမူကိုဖော်ပြ ထားတယ်။ ဒီပြည့်တန်ဆာမကလေးဟာ မင်းကြီးကို သစ္စာတရားရဲ့ စွမ်းအားနဲ့ ဂင်္ဂါမြစ်ကြီးကို ပြောင်းပြန် ပြန်စီးဆင်းစေတယ် လို့ဆိုပါတယ်။ ပေတ၀တ္ထု အဋ္ဌကထာ မှာတော့ သုရတ္ထတိုင်းက ဘုရင်တစ်ပါးဖြစ်တဲ့ ပိင်္ဂလဘုရင်ဟာ မင်းကြီးထံ ၀င်ရောက် ခံစားပြီး အကြံဉာဏ်ပေးလေ့ရှိကြောင်း ဖော်ပြထားတယ်။ ဒီဘုရင်ဟာ မင်းကြီးရဲ့ မိတ်ဟောင်း၊ ဆွေဟောင်း သို့မဟုတ်ရင် အကြံပေး ဆရာတစ်ဦးဖြစ်မယ် လို့ ခန့်မှန်းရတယ်။

ဗိမ္ဗိသာရမင်းနဲ့ ပသနဒီ မင်းကို ပဒေသရာဇာ လို့ ခေါ်ကြသလို အသောက ဘုရင်ကြီးကိုတော့ ‘‘ဒီပစက္က၀တ္တိ’’ လို့လည်း ခေါ်

ကြောင်းသိရတယ်။ အသောကမင်းကြီးမှာ ဥတုသုံးလီ စံမြန်းဖို့ ‘‘မဟာ သပ္ပိကာ၊ မောရဂီဝ၊ မင်္ဂလ’’ လို့ခေါ်တဲ့ နန်းသုံးဆောင် ရှိကြောင်းလည်း တွေ့ရပါတယ်။

★အသောကဘုရင်ကြီးသာ မပေါ်ပေါက်ခဲ့ရင် ဗုဒ္ဓသာသနာဟာ ဒီနေ့ခေတ်အခြေနေလောက် ပြန့်ပွားနိုင်ပါ့မလားလို့ သမိုင်းဆရာတွေက သုံးသပ်ကြပါတယ်။ အသောကမင်းကြီးနဲ့ ပတ်သက်ပြီး ကျမ်းဂန်တွေကလည်း အမျိုးမျိုးအထွေထွေ ရေးသားကြတာကို တွေ့ရတယ်။ ဥပမာ- အသောကမင်းကြီးခေတ်က ရှင်ဥပဂုတ္တမထေရ်မြတ်နဲ့ ပတ်သက်ပြီး၊ တောင်ပိုင်းထေရဝါဒနဲ့ မြောက်ပိုင်း မဟာယန ကျမ်းဂန်တွေမှာ မူအမျိုးမျိုးတွေ့ကြရတယ်။ အိန္ဒိယက နာမည်ကျော် ကဗျာဆရာကြီး တဂိုးကတောင် ရှင်ဥပဂုတ္တမထေရ် နဲ့ ပတ်သက်ပြီး ကဗျာရှည် တစ်ပုဒ်ရေးသားထားကို တွေ့ရတယ်။

★ဘယ်လိုဘဲဖြစ်စေ၊ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြု ပြီး နှစ်တစ်ရာကြာမှာ ကျင်းပတဲ့ ဒုတိယသင်္ဂါယနာခေတ်နဲ့ အသောကမင်းကြီးလက်ထက်၊ သာသနာနှစ် (၂၃၅)မှာ ကျင်းပတဲ့ တတိယသင်္ဂါယနာခေတ် ကြားကာလ နှစ်တစ်ရာကျော် လောက်ဟာ စိတ်ဝင်စားဖွယ် အကောင်းဆုံး ကာလတစ်ခု ဖြစ်ကြောင်းတွေ့ရပါတယ်။ အဲဒီခေတ်ကာလမှာဘဲ ဗုဒ္ဓဝါဒ ဂိုဏ်း ကွဲတွေ သန္ဓေတည်ခဲ့ပြီး အားကောင်းစွာ ရပ်တည်လာခဲ့သလို၊ ထေရဝါဒ ဗုဒ္ဓသာသနာဟာ လည်း ဆန့်ကျင်ဘက် ဝါဒတွေ ကြားမှာ ကြံ့ကြံ့ခံ့ ရပ်တည်ခဲ့တာဖြစ်တယ်။ ဒီလိုရပ်တည်နိုင်ခဲ့ခြင်းမှာ သံဃာတော် အရှင်သူမြတ်တွေရဲ့ ပရိယတ်၊ ပဋိပတ် နှစ်ဖြာကို စွမ်းစွမ်းတမံ အားထုတ်ခဲ့မူကြောင့်ဖြစ်သလို အသောကမင်းကြီးရဲ့ ဗုဒ္ဓသာသနာတော်အပေါ် ချီးမြှောက်ထောက်ပံ့မူကလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ကြောင်းတွေ့ရတယ်။

★နောက်ဆုံးအနေနဲ့ သမိုင်းဆရာ အိပ်ခ်ျ ဂျီ ဝဲလ် ရဲ့ အသောကမင်းကြီးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကမ္ဘာ့သမိုင်း အကျဉ်းချုပ် စာအုပ်မှာ သုံးသပ်ထားတာလေးနဲ့ နိဂုံးချူပ်ပါရစေ။

★‘‘အသောကဘုရင်ဟာ ဘုရင်တွေထဲမှာ အကြီးမြတ်ဆုံးဖြစ်တယ်။ သူဟာ သူ့ခေတ်ထက် အများကြီး ရှေ့ကိုပြေးနေတယ်။ သူ့ရဲ့ လုပ်ငန်းတွေကို ဆက်ခံဖို့ဘယ်လို အိမ်ရှေ့ဥပရာဇာမှ၊ ဘယ်လို အဖွဲ့စည်းမှ ချန်မထားခဲ့ဘူး၊ သူအုပ်ချုပ်စိုးစံခဲ့တဲ့ ခေတ်ကာလတစ်လျှောက်ဟာသူကံကုန်ပြီး နှစ်တစ်ရာ လောက်အတွင်းမှာ အစိတ်စိတ်မွှာမွှာ ကွဲထွက်ပြီးပြိုလဲပျက်စီးနေခဲ့တဲ့အိန္ဒိယနိုင်ငံရဲ့ ဂုဏ်ယူလွမ်းဆွတ်ဖွယ် ခေတ်ကာလကြီး ဖြစ်ခဲ့ရပါတယ်။ အိန္ဒိယလူမူ အဖွဲ့အစည်းရဲ့ အဆင့်မြင့်ဆုံး၊ အခွင့်ထူး ခံစားရဆုံး ဗြာဟ္မဏဇာတ်အလွှာဟာ ဗုဒ္ဓဝါဒကို အမြဲမပြတ် ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ သူတို့ ဟာ အိန္ဒိယမြေပေါ်မှာ ဗုဒ္ဓဝါဒ လွှမ်းမိုးမူကို ချိနဲ့ ယုတ်လျော့ဩားစေခဲ့ပါတယ်။ ရှေးဟောင်း တန်ခိုးကြီး နတ်ဘုရား ကိုးကွယ်မူတွေ၊ မရေမတွက်နိုင်တဲ့ ဟိန္ဒူဝါဒရဲ့ ရိုးရာအစွဲလမ်း ကိုးကွယ်မူတွေဟာ တစ်ကျော့ပြန်ထွန်းကား လာခဲ့ပြန်ပါတယ်။ နှစ်ရာစု များစွာကြာအောင် ဗုဒ္ဓဝါဒနဲ့ ဗြာဟ္မဏဝါဒ ဟာ ယှဉ်လျက်ထွန်းကားပြန့်ပွားခဲ့ပေမဲ့၊ နောက်ဆုံး ဗုဒ္ဓဝါဒဟာ ပြိုကွဲပျောက်ကွယ် ခဲ့ရပြီး အဲဒီ နေရာမှာ ဗြာဟ္မဏဝါဒဟာ ပုံစံမျိုးစုံနဲ့ အစားထိုးနေရာယူ ဩားခဲ့တယ်။ ဒါပေမဲ့ ဗုဒ္ဓဝါဒ ဟာ ဇာတ်ခွဲခြားမူ စနစ်ကြီး စိုးတဲ့ အိန္ဒိယတိုက်ငယ် ကို ကျော်လွှားပြီး ဒီနေ့ ခေတ်အထိ ဆက်လက် ရှင်သန်ထွန်းကားနေတဲ့ တရုတ်၊ ယိုးဒယား၊ မြန်မာ ၊နဲ့ ဂျပန် နိုင်ငံများဆီ သို့ ပြန်နှံ့ရောက်ရှိဩားခဲ့ပါတယ်’’

ဘိက္ခု ကေသရ

sources: 1/ Dictionary of Pali Proper Names by Malalasekera

2/Asoka: The Buddhist Emperor of India by Vincent A Smith

3/A Short History of the World by H.G Wells

4/ပါရဂူ၊ ရာဇာနဲ့ သာသနာ

5/အရှင်သံဝရာဘိဝံသ၊ ဗုဒ္ဓနိုင်ငံတော်၊ ဒု-တွဲ

Bhikkhu Kesara's photo.

◆Cr ; Tin Maung Hlaing

★❛သမိုင်းကျောက်စာကပြောသော ဘုရင်အသောက၏ ပုံရိပ်တစ်စိပ်တစ်ဒေသ❜★

********************************

◆(ဘီစီ ၄၈၃)ခန့်တွင် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ဝင်စံတော်မူချိန်တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အရေးပါသည့် နိုင်ငံအားလုံးနီးပါးကို မြတ်ဗုဒ္ဓ၏ ဓမ္မလမ်းစဉ်က နက်ရှိုင်းစွာ လွှမ်းမိုးဩားပုံရသည်။ မဟာပရိနိဗ္ဗာနသုတ်တော်အရ ယဉ်ကျေးမှု မတူကွဲပြားကြသည့် နောက်ခံသမိုင်းအမျိုးမျိုးရှိကြသည့် ရှစ်ပြည်ထောင်သောနိုင်ငံတို့်သည် မြတ်ဗုဒ္ဓ၏ မွေတော်ဓာတ်တော်ဝေစုတို့ကို ရလိုကြောင်း တောင်းဆိုကြသည်။ ဤသည်မှာ မြတ်ဗုဒ္ဓအနေဖြင့် ယင်းနိုင်ငံများ၌ ရှင်တော်မြတ်၏ အဆုံးအမ ဓမ္မကို နာခံသူတပည့်များစွာရှိကြောင်း ဖော်ပြနေပေသည်။ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်းများစွာကြာသည့်တိုင် မည်သည့်နိုင်ငံကမျှ မြတ်ဗုဒ္ဓ၏ ဓမ္မကို နိုင်ငံတော်၏ ဘာသာတရားအဖြစ် သတ်မှတ်သည်ဟူသော အချက်ကို သက်သေပြရန်အထောက်ထား မရှိချေ။ အသောကသည် ဗုဒ္ဓဝါဒကို အိန္ဒိယ၏ နိုင်ငံတော်ဘာသာ ဖြစ်စေခဲ့သည့် ပထမဆုံးသော ဘုရင်ဖြစ်ပေသည်။

◆(ဘီစီလေးရာစု)ကုန်ခါနီးလောက်တွင် အသောက၏ အဘိုး ဘုရင်စန္ဒဂုပ္ပတမောရိယမင်းသည် ခန့်မှန်းခြေ အာဖဂန်နစ္စတန်မှ မိုင်းဆော (Mysore)နယ်အထိ အိန္ဒိယပြည်ကြီးကို ချဲ့ထွင်ကာ တန်ခိုးသြဇာကြီးမားသည့် အင်ပါယာကြီးကို တည်ထောင်ခဲ့လေသည်။ ယနေ့ခေတ်အရ အိန္ဒိယမြောက်ဘက် ပါကစ္စတန်နှင့် အနောက်ဖျားဒေသထိ နယ်ပယ်များသည် စန္ဒဂုပ္ပတမင်းကြီး၏ အင်ပါယာအောက်တွင် ရှိခဲ့သည်။ (Mookerji's Asoka, page 12).

◆စန္ဒဂုပ္ပတမင်း၏ သားတော် ဗိန္ဒုသာရသည် ဖခင်၏ အင်ပါယာကို ဆက်လက်ထိန်းထားနိုင်ရုံမက တောင်ပိုင်းဒေသသို့ပင် ချဲ့ထွင်နိုင်ခဲ့ဖွယ်ရှိသည်။ (ဘီစီ ၂၇၄)(ဘီစီ ၃ ရာစု)ခန့်တွင် ဗိန္ဒုသာရမင်း၏ သားတော် အသောကသည် စွမ်းရည်နှင့်ပြည့်စုံသည့် ကောဋိလျစာဏကျ ကဲ့သို့သော နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်များ၏ ကျွမ်းကျင်လိမ္မာသည့် လမ်းညွှန်မှုတို့ဖြင့် ဧကရာဇ်ဘုရင် ဘိုးတော်နှင့် ခမည်းတော်ဘုရင်ကြီးနှစ်ပါးတို့ တည်ထောင်ခဲ့သည့် အင်ပါယာကြီးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ ဘုရင်အသောက၏ အင်ပါယာအတိုင်းအဆကို မင်းကြီးကိုယ်တိုင် ထုတ်ပြန်ခဲ့သည့် ကျောက်စာ အမိန့်ပြန်တမ်းများမှ အကဲဖြတ်နိုင်သည်။

◆ဥပမာ-ကျောက်စာအမှတ် (၂) (၅)နှင့် (၁၃) တို့တွင် အသောကလက်အောက်ခံနိုင်ငံများကို ဖော်ပြထားသည်။ တောင်ဖက်တွင် စောဠ (Cholas)တိုင်း၊ ပဒျာ(ပန်ဂျပ်)(Padyas)၊ သတိယပုတ္တ(Satiyaputras)နှင့် ကေရာလပုတ္တ( Keralaputras) တိုင်းများအဆုံးထိဖြစ်သည်။ မြောက်ဖက်တွင် အသောက၏အင်ပါယာသည် ဟိမဝန္တာတောင်ခြေသို့တိုင် ကျယ်ပြန့်လေသည်။ ကက်ရှ်မီးယားနှင့် နီပေါနိုင်ငံများရှိ အဆောက်အဦများက အသောက၏ အင်ပါယာအစိတ်အပိုင်းများဖြစ်ကြောင်း ဖော်ပြနေသည်။ အနောက်ဖက်တွင် ဆီးရီးယန်းဘုရင် အန္တီယော့ခ်(Antiochus)၏ နယ်ပယ်သို့တိုင်အောင် ရောက်ခဲ့သဖြင့် ဘုရင်အန္တီယော့ခ်(Antiochus)၏ လက်အောက်ခံ ပါရှား(အီရန်)နှင့် ဆီးရီးယားသို့တိုင် ကျယ်ပြန့်ခဲ့သည်။ ယဝန(Yavanas)၊ ကမ္ဘောဇ(Kambojas)နှင့် ဂန္ဓာရ (Gandharas) (ယနေ့ခေတ်ပါကစ္စတန်)တိုင်းသူပြည်သားများကို အနောက်မြောက်ဖက်တွင် နေထိုင်သူများအဖြစ် ဖော်ပြထားသည်။

◆အသောက၏ ဘိုးတော် စန္ဒဂုပ္ပတမင်းသည် (ဘီစီ ၃၀၄)ခန့်တွင် စစ်ချီမှုတစ်ရပ်အောင်မြင်ပြီးဆုံးပြီးနောက် အလက်ဇန္ဒားဘုရင်၏ စစ်သူကြီး တစ်ဦးဖြစ်သူ ဆီလျူးကပ်စ်(Seleucus)ထံမှ အရိယ(Aria)၊ အာရချောရှား(Arachosia)၊ ဂေဒြိုရှား(Gedrosia)နှင့် ပရောပနိဆာဒိုက်(Paro-panisadai)ဟူသော နယ်ပယ်လေးခုကို သိမ်းယူခဲ့သည်ဟု ဆို၏။ ဘုရင်အသောကသသည် သူ့၏ခေတ်တွင် အိန္ဒိယမှာ ပါဋလိပုတ္တ(ယနေ့ခေတ်ဗီဟာပြည်နယ်မြို့တော် ပါတ္တနားမြို့)နှင့် ဝိဒိသာကဲ့သို့သော မြို့ကြီးများကို တည်ထောင်ခဲ့သည်။ ကက်ရှ်မီးယားရှိ ရှရီနဂါးမြို့နှင့် နီပေါနိုင်ငံရှိ မြို့တော် တော်တော်များများကို အသောကကိုယ်တိုင် တည်ဆောက်ခဲ့သည်ဟု ယူဆရသည်။ နိုင်ငံတလွှား ပါဋိပုတ်မြို့တော်အနီး အသောကာရုံကျောင်းတိုက်ကြီးကဲ့သို့သော ဘုန်းတော်ကြီးကျောင်းတိုက်ကြီးများနှင့် ဆန်ချီစေတီကဲ့သို့သော သမိုင်းဝင်စေတီများကို အရပ်ရပ်မှာ တည်ထားခဲ့လေသည်။ အမှန်စင်စစ် မြတ်ဗုဒ္ဓနှင့် ပတ်သက်သမျှ ဓာတ်တော်စေတီပူဇော်မှုကို အသောကဘုရင်က အဈပုခဲ့လေသည်။ (Sir John Marshall: The Moauments of Sanchi, I. P. 21). ။ ထို့ပြင် ဘုရင်အသောကသည် (ဘီစီ ၂၆၂)ခန့်တွင် ပြင်းထန်လှသည့် စစ်ပွဲကြီးကို ဆင်နွှဲပြီးနောက် ကလိင်္ဂတိုင်းတိုင်းကို အောင်နိုင်ခဲ့သည်။

◆မဟာဝံသကျမ်း၌ ဘုရင်အသောကသည် စောစောပိုင်းကာလများက သူ၏ရက်စက်ကြမ်းကြုတ်မှုကြောင့် တိုင်းသားပြည်သူများက သူ့ကို စဏ္ဍာသောက(ရက်စက်ကြမ်းကြုတ်သည့် ဘုရင်အသောက)ဟု နာမည်ပေးခဲ့ကြသော်လည်း တရားဓမ္မနှင့် မွေ့လျှော်သူ ဖြစ်လာပြီးနောက်မှ သီရိဓမ္မာသောက(ကျက်သရေရှိသော ဓမ္မာသောက)ဟု ထင်ရှားလာကြောင်းဖော်ပြသည်။ အမှန်စင်စစ် ကျောက်စာအမှတ် (၁၃)၌ ကလိင်္ဂစစ်ပွဲအတွင်း မင်းကြီး၏ ရက်စက်ကြမ်းကြုတ်မှုအတွက် နောင်တပူပန်မှု စိတ်မချမ်းမြေ့မှုနှင့် ပတ်သက်သည့် ခိုင်လုံသည့် မှတ်ချက်များပါရှိပြီးဖြစ်သည်။ ယင်းကျောက်စာ၌ မင်းကြီးသည် ထိုအချိန်က စဏ္ဍ(ကြမ်းကြုတ်သူ) တစ်ယောက်ဖြစ်ကြောင်း ဖော်ပြထားသည်။

◆အသောကမင်းကြီးသည် ဗုဒ္ဓဝါဒီအဖြစ်တော့ မွေးခဲ့သူတော့မဟုတ်ပေ။ သူ၏ အဘိုးတော် စန္ဒဂုပ္ပတမင်းကြီးသည် ဂျိန်းအစဉ်လာကို ယုံကြည်ကိုးကွယ်သည့် ဂျိန်းဝါဒီဖြစ်သည်။ ထို့အတူ အသောက၏ ခမည်းတော် ဘုရင်ဗိန္ဒုသာရသည်လည်း ဗြဟ္မဏဝါဒီဖြစ်ကြောင်း၊ ဗြဟ္မဏဝါဒီဂိုဏ်းအမျိုးမျိုးမှ ရဟန်းများကို (အထူးသဖြင့် ဒိဂမ္ဗရ (Digambara)ဂိုဏ်းဝင် ဂျိန်းဘုန်းကြီးများကို ဆည်းကပ်ကြောင်း၊ ဘုရင်အသောကသည်လည်း သုံးနှစ်ပတ်လုံး ဖခင်၏အယူဝါဒကို နာလိုက်ကျင့်သုံးခဲ့ပြီး အဘိသိက်ခံပြီးနောက် လေးနှစ်မြောက်တွင် တူတော် နိဂြောဓ သာမဏေလေး၏ ဆုံးမမှုကြောင့် ဗုဒ္ဓဝါဒီ ဖြစ်လာကြောင်းကို သမန္တပါသာဒိကခေါ် ဝိနည်းအဌကထာ (ဝိဌ-၁၊၄၄)နှင့်မဟာဝံသ(ဋီကာ-၁၉၀) နှစ်ကျမ်းလုံးတို့က တညီတညွတ်တည်း ဖော်ပြကြ၏။

◆မည်သို့ပင်ဆိုစေ ဘုရင်အသောကသည် အဘိသိက်ခံပြီးနောက် နှစ်အနည်းငယ်အကြာတွင် ဗုဒ္ဓဝါဒီ ဥပါသကာတစ်ယောက်ဖြစ်လာလင့်ကစား နှစ်နှစ် သုံးနှစ်ခန့်အထိ မိမိ၏ ဘာသာတရားအသစ်(ဗုဒ္ဓဘာသာ)နှင့်ပတ်သက်ပြီးတော့ ကွဲကွဲပြားပြားမရှိသေးချေ။ ဗုဒ္ဓသားတော်ရဟန်းတော်များနှင့် နီးကပ်စွာ ဆက်ဆံလာပြီးနောက်မှသာ ဗုဒ္ဓဝါဒအပေါ် နှစ်နှစ်ကာကာ သက်ဝင်လာပြီး မင်းကြီးကိုယ်တိုင် လိုက်နာကျင့်သုံးမှုများ ပြုခဲ့သည်။ ဗြဟ္မဂိရိအရပ်ရှိ ကျောက်စာအမှတ်(၁)၌ လာသည့် သံဃေ ဥပါယိတေ ဟူသော စကားကို ရဟန်းသံဃာတော်များထံ ဆည်းကပ်အဖူးမျှော်ဩားသည်ဟု ယေဘုယျအားဖြင့် ဘာသာပြန်နိုင်သော်လည်း ပညာရှင်အချို့က အသောကမင်းကြီးသည် အမှန်ပင် ဗုဒ္ဓဝါဒီ ဖြစ်ဩားကြောင်းကို အဓိပ္ပါယ်ကောက်ယူကြသည်။ ကလိင်္ဂစစ်ပွဲအတွင်း ထိတ်ရွံ့ဖွယ် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှုနှင့် လူမြောက်အမြား ဆင်းရဲဒုက္ခရောက်ခဲ့ရသည့် အနိဌာရုံမြင်ကွင်းကို သူကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ရသဖြင့် အဘိသိက်ခံပြီးနောက်ရှစ်နှစ်မြောက်တွင် သံဃာတော်များ၏ ကောင်းသောလမ်းညွှန်မှုမှတဆင့် အသောကမင်းကြီး လုံးဝပြောင်းလဲဩားတော့သည်။ ယင်းသည်ပင် ဘုရင်အသောက၏ ဘဝအချိုးအကွေ့ဖြစ်သည်။

◆အသောကမင်း၏ ယုံကြည်မှုအသစ်သည် သူ၏ဘဝတစ်ခုလုံးနှင့် အကျင့်စရိုက်ကိုပါ ပြောင်းလဲပြစ်ပုံရသည်။ သူ၏ စိတ်ပိုင်းဘဝ ယုံကြည်မှုအသစ်နှင့် ဆန့်ကျင်သည့် ထိုအချိန်က လိုက်နာဆဲ ထုံးလမ်းစဉ်လာများနှင့် ဘုရင်မင်းတို့ဆိုင်ရာ ညွှန်ကြားချက်အများစုကို ပယ်ဖျက်ပြီး အခြားတစ်ပါးနှင့် အစားထိုးခဲ့သည်။ မင်းကြီး၏ ယုံကြည်မှုအသစ်က ပြုပြင်လိုက်သည့် နှလုံးသားအပြောင်းအလဲသည် မင်းကြီး၏ ပုဂ္ဂိုလ်ရေးဘဝကိုသာမက ပြည်သူ့ရေးရာပေါ်လစီနှင့် အုပ်ချုပ်ရေးကဏ္ဍကိုပါ သက်ရောက်စေခဲ့သည်။ မင်းကြီး၏နောက်ဆုံးနိုင်ငံရေး စွန့်စားမှုဖြစ်သည့် ကလိင်္ဂစစ်ပွဲပြီးနောက် မင်းကြီးသည် စစ်ပွဲကို လုံးဝစွန့်လိုက်သည်။

◆ကျောက်စာအမှတ်(၁၃)၌ အကယ်၍ တစ်စုံတစ်ယောက်သည် မင်းကြီးအား အပြုသဘောဆောင်သည့် နာကျင်စေမှုတစ်ခုကို ပြုဘိမူ မင်းကြီးသည် ထိုပုဂ္ဂိုလ်အား ဖြစ်နိုင်သမျှ ခွင့်လွှတ်မှုကို ထိုက်တန်သူအဖြစ် ယူဆလိမ့်မည်ဟု ဆိုထားသည်။ မိမိ၏ နယ်ပယ်နှင့် ဆက်စပ်နေသည့် တိုင်းနိုင်ငံများနှင့်ပတ်သက်၍ မင်းကြီးက ကလိင်္ဂကျောက်စာအမှတ်(၂)တွင် မင်းကြီးသည် လူအပေါင်းက မင်းကြီးကို မကြောက်ရွံ့ကြစေရန်၊ ယုံကြည်ကြစေရန် မင်းကြီးထံမှ ပျော်ရွှင်မှုကို ရရှိကြပြီး သောကပူပန်မှုကို မရရှိကြစေရန် အလိုရှိ၏ဟု ဆိုထားပါသည်။ ။ မင်းကြီးသည် ကျောက်စာအမှတ်(၉)၌ မင်းမြတ်မဟာ၏ ကိုယ်ကျင့်သီလကို ကျင့်သုံးမှု ရလာဒ်အဖြစ် ဓမ္မစစ်စည် ရွမ်းသံကို ဖိတ်ခေါ်ခြင်းဖြစ်လာ၏ဟု ဆိုထား၏ ။ ။

◆အသောကမင်းကြီး၏ ဓမ္မကို စောင့်ထိမ်းမှု၊ ဓမ္မကို ချစ်ခင်မြတ်နိုးတတ်မှုနှင့် ဓမ္မကို ဟောကြားမှုများသည် ပိုမိုကျယ်ပြန့်လာခဲ့၏။ မင်းကြီးသည် နောက်ပိုင်းအောင်မြင်မှုများအတွက် သံလျက်ဓားကို မဆွဲကိုင်တော့ဘဲ ဓမ္မဖြင့်သာလျှင် အောင်မြင်သည့်အချိန်မှဈပီး ဓမ္မဝိဇယ ဟုခေါ်သည့် ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်းဆိုင်ရာ အောင်မြင်မှုများအတွက် တစိုက်တမတ် ဆောင်ရွက်တော်မူခဲ့၏။ ။ ဤသည်မှာ မင်းကြီးအား ကြီးမြတ်သော အောင်မြင်သူအဖြစ် ယူဆခြင်းခံခဲ့ရလေသည်။ (ကျောက်စာအမှတ် ၁၃)။ ယင်းကျောက်စာအမှတ်(၁၃)၌ မင်းကြီးက ဆက်လက်ဖော်ပြထားသည်မှာ " နေရာတိုင်း၌ လူအများသည် မင်းတရား၏ ဘာသာတရားဩန်သင်ဆုံးမမှုကို လိုက်နာကျင့်သုံးလျှက်ရှိ၏။ မင်းတရား၏ သံတမန်များ ဩားရောက်နိုင်ခြင်းမရှိသည့် နိုင်ငံများ၌ နေထိုင်သူများပင် မင်းကြီးလေ့ကျင့်အားထုတ်မှု၊ စူးစမ်းမှုနှင့် ဓမ္မလိုက်နာကျင့်သုံးမှုများကို ကြားရသောအခါ သူတို့ကိုယ်တိုင် လိုက်နာကျင့်သုံးနေကြလိမ့်မည်။ ဓမ္မဖြင့် အောင်နိုင်ခြင်းသည် အရပ်ဒေသအားလုံးကို အောင်နိုင်ခြင်းမည်၏။ တဖန်အရပ်ဒေသအားလုံးကို အောင်နိုင်ခြင်းသည် မေတ္တာခံစားမှု၏ ရလာဒ်ဖြစ်၏။ တရားသော အောင်နိုင်ခြင်းများတွင် မေတ္တာဖြင့်အောင်နိုင်ခြင်းသည် ပိုမိုကောင်းမွန်၏။ " ။

◆ဘာသာအယူဝါဒ မြောက်မြားစွာ တည်ရှိနေသည့် အင်ပါယာကြီးကို အုပ်ချုပ်ပြီး စိတ်နှလုံးကြီးမြတ်သူ ဘုရင်အသောကသည် ဘာသာတရားမျိုးစုံကို ကိုးကွယ်ကြသည့် မိမိ၏ တိုင်းသူပြည်သားအားလုံးတို့အတွက် သူ၏ကျောက်စာများတွင် ဓမ္မဟူသောအသုံးအနှုန်းကိုသာ ပြောဆို၏။ သူ၏ကျောက်စာများတွင် မကြာခဏသုံးနှုန်းခဲ့သည့် ဓမ္မဟူသောစကားကို လူကြီးမိဘဆရာသမားတို့အား လေးစားခြင်း၊ ရသေ့ရဟန်း သမဏဗြဟ္မဏ ဆွေမျိုးမိသင်္ဂဟ ကျေးကျွန်မှီခိုသူ ဆင်းရဲဒုက္ခရောက်သူများအား သင့်တင့်လျှောက်ပတ်စွာ ကျွေးမွေးစောင့်ရှောက်ခြင်း၊ သက်ရှိသတ္တဝါများအား သတ်ဖြတ်မှုမှ ရှောင်ကြဉ်ခြင်း၊ ကြင်နာတတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊ အတွင်းအပြင် စင်ကြယ်ခြင်း၊ သိမ်မွေ့ခြင်း၊ သူတော်ကောင်းပီသခြင်း၊ မိမိကိုယ်ကို ထိမ်းသိမ်းခြင်း၊ ကျေးဇူးသိတတ်ခြင်း၊ ကိုယ်ကျင့်သီလစင်ကြယ်မှုအပေါ် ခိုင်မာသည့် စိတ်ဆန္ဒဖြင့် အကျိုးမဲ့ မဖြုန်းတီးဘဲ စုဆောင်းချွေတာခြင်း၊ စသည် အဓိပ္ပါယ်များဖြင့် ကိုယ်စားပြု ဖွင့်ဆိုခဲ့သည်။

◆ဓမ္မဟူသော စကားလုံးအောက်၌ ဂိုဏ်းဂဏ အုပ်စုအမျိုးမျိုးကို လိုက်နာကျင့်သုံးသူများ၊ ရသေ့ရဟန်းများနှင့် အိမ်နေလူများ၊ မင်းကြီး၏ အင်ပါယာအတွင်း အပြင်ပမှ လူထု၊ မယဉ်ကျေးသေးသည့် နိုင်ငံသားများနှင့် ယဉ်ကျေးပြီးနိုင်ငံများ၊ အိန္ဒိယနိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသားမဟုတ်သူများ၊ အားလုံးက လက်ခံနိုင်သည်။ ဤသို့အားဖြင့် ဘုရင်အသောကသည် အများဆိုင် ဘာသာတရားတစ်ခုကို တည်ထောင်ရန် ကြိုးပမ်းခဲ့ပြီး ယင်းကြိုးပမ်းချက်သည် ကမ္ဘာ့သမိုင်းတွင် ပထမဆုံး ဖြစ်ဖွယ်ရှိသည်။ ဘုရင်အသောက၏ ဓမ္မနိုင်ငံတော်သည် လူသားများအတွက်သာ ကန့်သတ်ထားသည်မဟုတ်ချေ၊ ကျောက်စာအမှတ်(၂ )မှာ မင်းကြီးသည် လူသားအတွက် ဆေးကုသမှုဌာန၊ တောရိုင်းတိရစ္ဆာန်များအတွက် ဆေးကုသမှုဌာန၊ ရှားပါးသည့်နေရာများ၌ လူသားများအတွက်ရော တောရိုင်းတိရစ္ဆာန်များအတွက်ပါ ကောင်းနိုးရာရာ ဆေးဘက်ဝင်သစ်ပင်များ မှာယူစိုက်ပျိုးစေကြောင်း ဖော်ပြထားသည်။

◆ကျောက်စာအမှတ်(၁)၌ မည်သည့်သက်ရှိသတ္တဝါကိုမျှ မသတ်ဖြတ်ရ၊ယဇ်မပူဇော်ရ၊ ဟု အမိန့်ထုတ်ပြန်ခဲ့၏။ တစ်ချိန်တည်းမှာပင် ဘုရင့်မီးဖိုဆောင် အသုံးပြုရန် သတ္တဝါများအား သတ်ဖြတ်ခြင်းကိုလည် ရပ်ဆိုင်းခဲ့သည်။ အင်ပါယာတစ်ခုလုံး၌ သက်ရှိတိရစ္ဆာန်အပေါင်း၏ အသက်ကို ကာကွယ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ကျောက်စာအမှတ်(၅) အရ မင်းကြီးသည် အချို့သော တိရစ္ဆာန်များအား သတ်ဖြတ်ခြင်း၊ သင်းကွပ်ခြင်း၊ သံပူကပ်၍ အမှတ်တံဆိပ်ခတ်နှိပ်ခြင်း၊ ငါးမျှားခြင်းများကို အထူးနေ့ရက်များနှင့် ဗုဒ္ဓဘာသာဥပုသ်နေ့များ၌ တားမြစ်ခဲ့သည်။ အထဲတွင် သက်ရှိများရှိနေသည့် သစ်ပင်အချို့ကို မီးမရှို့ရ၊ အကြောင်းမဲ့ဖြစ်စေ၊ အကြမ်းပြုလို၍ဖြစ်စေ သစ်တောများကို မီးမရှို့ရ၊ သက်ရှိများသည် အခြားသက်ရှိများ၏ အစားအစာ မဖြစ်စေရ ဟုလည်း အမိန့်ထုတ်ပြန်ခဲ့သည်။ ကျောက်စာအမှတ်(၇) တွင် မင်းကြီးက လမ်းမြင့်များပေါ်၌လည်း လူသားများနှင့် ကျွဲနွားတိရစ္ဆာန်များ အရိပ်နားခိုနေနိုင်ရန် ပင်ညောင်ပင်စိုက်ပျိုးခြင်း၊ သက်သောင့်သက်သာဖြစ်စေရန် သရက်ဥယျာဉ်များ စိုက်ပျိုးခြင်း၊ တစ်ကောသဝက်အကွာအဝေးတိုင်း၌ ရေတွင်းရေကန်များတူးခြင်း၊ နားနေဆောင် ဇရပ်တန်ဆောင်းများ ဆောက်လုပ်ခြင်း၊ နေရာအနှံ့တွင် ရေဖြန့်ဖြူးရေးဌာနများ ဖွင့်ထားခြင်းများပြုရမည်ဟု ဆိုပါသည်။

◆အသောကမင်းကြီးသည် မိမိတိုင်းသူပြည်သားများ၏ ကောင်းကျိုးကိုသာ ဆောင်ရွက်ခဲ့သည်မဟုတ်သေး မိမိအုပ်ချုပ်သည့်နယ်ပယ်နှင့်ထိစပ်ကပ်လျှက်ရှိသည့် ပြင်ပနိုင်ငံများကိုလည်း အာရုံစိုက်ခဲ့သည်။ ကျောက်စာအမှတ်(၂) ပါရှိသည့်အတိုင်း မိမိ၏နယ်နိမိတ်နှင့် ယင်း၏ အိမ်နီးချင်းများအပါဝင် နေရာတိုင်း၌ လူသားနှင့်တိရစ္ဆာန်အတွက် ဆေးကုသဌာနတည်ဆောက်ခြင်းစသည်တို့ကို ပြုလုပ်ဖို့ ပြဆိုထားသည်။

◆ဘုရင်အသောက၏ ဗုဒ္ဓဘာသာအပေါ် တက်ကြွစွာ စိတ်ဝင်စားမှုနှင့် နက်ရှိုင်းစွာ ကြည်ညိုမှုသည် အခြားဘာသာတရားများကို သေးသိမ်ဩားအောင် မဖြစ်စေခဲ့။ ကျောက်စာအမှတ်(၆) တွင် မင်းကြီးက ဤသို့ဆိုသည်---ငါသည် ဂိုဏ်းဂဏအသီးသီးမှ ရဟန်းတော်များအား ပူဇော်ဖွယ် အမျိုးမျိုးဖြင့် ပူဇော်၏။ တဖန်လည်း ကျောက်စာအမှတ်(၇)တွင် ဘုရင်မင်းမြတ်သည် ဒေသအားလုံးတွင် မျိုးနွယ်အသီးသီးမှ လူသားအားလုံး အတူတကွ နေထိုင်မှုကို လိုလားတော်မူ၏။ ကျောက်စာအမှတ်(၁၂) ၌မူကား မင်းကြီးသည် ဘာသာတရား အားလုံး၏ အဆုံးအမကောင်းများကို တိုးတက်မှု၌ စိတ်ဝင်ဝင်စား၏ ဟုဆိုထား၏။ ဘုရင်အသောကသည် ဘာသာရေးဂိုဏ်းတစ်ခုက အခြားဘာသာတစ်ခုခုကို စော်ကားမှုကို အလိုမရှိချေ။ ကျောက်စာအမှတ် (၁၂)၌မှာပင် မင်းကြီးက---မိမိဘာသာတရားကိုသာ ချီးမွမ်းစကားဆိုပြီး အခြားဘာသာတရားကို ပုတ်ခတ်ကဲ့ရဲ့ခြင်း မလုပ်ရ။ ယင်းသို့မလုပ်ဘဲ အခြားဘာသာတရားကိုလည်း အကြောင်းတစ်ခုခုဖြင့် ချီးမွမ်းစကားဆိုရမည်။ ယင်းသို့ပြုခြင်းဖြင့် ဘာသာတရားတစ်ခုသည် ယင်း၏ တိုးတက်ပြန့်ပွားမှုကိုရော အခြားဘာသာတရား၏ ပြန့်ပွားမှုကိုပါ အထောက်အကူပြု၏။ ယင်းသို့မဟုတ်လျှင် မိမိဘာသာတရားကိုရော အခြားဘာသာတရားကိုပါ နစ်နာစေ၏။ လူသားအားလုံးသည် အခြားဘာသာများ ဟောကြား ဩန်သင်ပြသသည့် တရားဓမ္မများကိုလည်း နားထောင်တတ်ရမည်။ ယင်းအချက်ကို နားလည်ခြင်းဖြင့် သင့်မြတ်ညီညွတ်ခြင်းသည် ချီးမွမ်းထိုက်၏ ဟု ကြေညာခဲ့သည်။ သမဏဗြဟ္မဏတို့၏ လွတ်လပ်မှုကို ဗုဒ္ဓဘာသာပါဠိတော်ကျမ်းဂန်များ၌ အလေးထား ဖော်ပြသကဲ့သို့ အသောကမင်းကြီး၏ ကျောက်စာများ၌လည်း ပြည်သူ့ဝတ္တရားအဖြစ် အထူးပြုဖော်ပြခဲ့သည်။

ဗုဒ္ဓစာပေ၌ ဘာသာတရားနှင့် ပတ်သက်သည့် သည်းခံစိတ်ဓာတ်ကို ဗုဒ္ဓကိုယ်တော်တိုင် တည့်သာဝကများအား ဟောကြားတော်မူခဲ့ပြီးဖြစ်သည်။ မဇ္ဈိမနိကယ် ဥပါလိသုတ်တွင် နာလန္ဒာမြို့သား အထင်ကရ သူဌေးကြီး ဥပါလိသည် နိဂဏ္ဍနာဋပုတ္တခေါ်(မဟာဝီရ) အခြားဂိုဏ်းဆရာကြီး၏ တပည့်တစ်ဦးဖြစ်သည်။ မဟာဝီရ၏ တပည့်ဖြစ်သူ သူဌေးကြီး ဥပါလိသည် မြတ်ဗုဒ္ဓ၏ တပည့်သာဝကတစ်ဦး ပြောင်းလဲဖြစ်လိုကြောင်း မြတ်ဗုဒ္ဓအား လျှောက်ထားလာသည်ကို ပါဠိတော်၌ ဤကဲ့သို့မှတ်တမ်းတင်ထားသည်။ ရှင်တော်ဗုဒ္ဓက ဥပါလိသူကြွယ်အား မြတ်ဗုဒ္ဓ၏ တပည့်တစ်ဦး(ဗုဒ္ဓဝါဒီ) ဖြစ်လာပြီးနောက်ပိုင်းမှာပင် ယခင်ဆရာဟောင်း နိဂဏ္ဍတို့အား လိုအပ်သည့် ပစ္စည်းများဖြင့် ဆက်လက်ထောက်ပံ့မှုများကို ဆက်လက်ပြုလုပ်ရန် တိုက်တွန်းတော်မူခဲ့သည်။ ဘုရင်အသောကသည် ဘာသာရေးနှင့်ပတ်သက်သည့် အလားတူ သည်းခံနားလည်မှုကို နက်ရှိုင်းစွာ ခံယူထားသည်မှာ သူ၏ ကျောက်စာမှတ်တမ်းများက သက်သေပြနေကြာင်း သေချာပေသည်။

◆ဘုရင်အသောကသည် မိမိတိုင်းသားပြည်သူများ ကိုယ်ကျင့်တရားကောင်းမွန် တိုးတက်ရေးအတွက် နည်းမျိုးစုံ အသုံးပြုခဲ့သည်။ ကျောက်စာအမှတ်(၇)အရ ဘာသာတရားအဆုံးအမများကို သင်ကြားပြီး လက်တွေ့အသုံးချမှုများကို ပြုလုပ်ခဲ့သည်။ မင်းကြီးသည် ဗုဒ္ဓဝါဒီ၊ဂျိန်းဝါဒီ၊ အာဇီဝကနှင့် အခြားဘာသာဝါဒီများ ဖြစ်ကြသည့် ရဟန်းရှင်လူ ပြည်သူများအကြား မိမိ၏မေတ္တာရှေ့ဩားပြုသည့် သင်ကြားချက်များကို ပြန့်ပွားစေရန် ဓမ္မမဟာမတ္တ(တရားရေးရာဝန်ကြီး)များနှင့် ရာထူးအဆင့်အမျိုးမျိုးရှိသည့် အရာရှိများကို ခန့်ထားသည်။ ပြည်သူများ၏ ကိုယ်ကျင့်တရား စာရိတ္တရေးရာ ကောင်းမွန်မှုအတွက် ရည်ရွယ်သည့် ယင်းဓမ္မမဟာမတ္တဌာန(တရားရေးရာဝန်ကြီးဌာန)သည် အသောကမင်းကြီး၏ ကိုယ်ပိုင်ဆန်သည့် ဆန်းသစ်တီထွင်မှုလုံးဝ ဖြစ်ပေသည်။

◆အသောကမင်းကြီးသည် ရှေးခေတ်ဘုရင်များ လုပ်လေ့လုပ်ထရှိခဲ့သည့် တောကစားထွက်ခြင်းနှင့် အပန်းဖြေခရီး ထွက်ခြင်းတို့အစား တိုင်းသားပြည်သူများအား အကြံဉာဏ်ပေးရန်နှင့် ဗုဒ္ဓဝင်နေရာများကို ဖူးမျှော်ရန် ဘုရားဖူးခရီးထွက်ခြင်း များပြုလုပ်ခဲ့ပုံများကို ကျောက်စာအမှတ်(၈) အရ သိရသည်။ ကျောက်စာအမှတ်(၃)တွင် မင်းကြီးသည် သူကိုယ်တိုင် ဘုရားဖူးခရီးထွက်သည်သာမက အဆင့်မြင့်အရာရှိများအားလည်း တာဝန်တစ်ရပ်အနေနဲ့ မိမိ၏စံနမူနာကို ယူကြရန်(ဘုရားဖူးခရီးထွက်ရန်)လမ်းညွှန်ခဲ့သည်။ တိုင်းသူပြည်သားများ ဘာသာတရား အသိစိတ်ဓာတ်များ ပြည့်ဝလာစေရန် ကိုယ်ကျင့်ကောင်းမွန်သည့်ဘဝသို့ နိုးကြားလာစေရန် ဘုရင်အသောကသည် (ဗုဒ္ဓဝါဒီဖြစ်လာပြီးနောက်) ဘိုးဘေးစဉ်ဆက်များကကဲ့သို့ စစ်မက်ရေးရာအင်အားဖြင့် ဆောင်ရွက်ခြင်းအစား ဆင်ပြောင်ကသည့် နတ်ရထားများ၌ နတ်သား နတ်သမီးရုပ်ပုံ ခင်းကျင်းပြသမှုများ၊ (ဗုဒ္ဓဝင်) သရုပ်ဖော်မှုများပါဝင်သည့် နှစ်သက်ဖွယ် နတ်လောကအဩင်အပြင်များဖြင့် ပြည်သူအပေါင်းအား ဆွဲဆောင်စည်းရုံးလုပ်ဆောင်ခဲ့ပုံများကို ကျောက်စာအမှတ် (၃)တွင် ဖော်ပြထားသည်။ Bhabru Edict (ဘာဗြု) ကျောက်စာအမှတ်(၄) ၌ ဖော်ပြချက်အရ ဗုဒ္ဓကျမ်းစာများကို ဟောကြားခြင်းကိုပင် ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များဖြင့် ဆောက်ရွက်ခဲ့ပုံရသည်။

◆Bhabru Edict (ဘာဗြု) ကျောက်စာနှင့် မိဂဒါဝုန်၊ ကောသမ္ဗီ၊ ဆန်ချီစေတီ ရှိရာအရပ်တို့၌ တွေ့ရသည့် ကျောက်စာတိုင်တို့၌ ဖော်ပြချက်အရ ယခုအချိန်တွင် ဗုဒ္ဓဝါဒသည် ဘုရင်အသောက၏ အဓိကကိစ္စဖြစ်လာသည်။ အသောကသည် ဗုဒ္ဓဝါဒကို အိန္ဒိယ၏ နိုင်ငံတော်ဘာသာ ဖြစ်စေခဲ့သည် ပထမဆုံးသော ဘုရင်ဖြစ်ပေသည်။ မိဂဒါဝုန်၊ ကောသမ္ဗီ၊ ဆန်ချီစေတီ ရှိရာအရပ်တို့၌ တွေ့ရသည့် ကျောက်စာတိုင်တို့၌ ဖော်ပြချက်အရ သံဃာအသင်းကွဲမှုကို ဖြစ်ပေါ်စေသည့် ဘိက္ခု ဘိက္ခုနီမများကို လူဝတ်လဲရမည်ဖြစ်ပြီး ဘုန်းကြီးကျောင်းများ၌ ဆက်လက်နေထိုင်ခွင့်မပြုရန် အမိန့်ထုတ်ပြန်ထားသည်။ ဤသို့ဖြင့် အသောကမင်းကြီးသည် ဗုဒ္ဓဝါဒ၏ လောကီရေး ဆောင်ရွက်မှုကို လက်ခံလျှက် ဗုဒ္ဓဝါဒ ဗုဒ္ဓဘာသာ ကောင်းကျိုးအတွက် သက်ဝင်လှုပ်ရှားသည့် စိတ်ဝင်စားမှုကို ရယူခဲ့သည်။

◆သက်ရှိလူနှင့် တိရစ္ဆန်များအတွက် လိုအပ်သည့် ဆေးခန်းများတည်ထောင်ခြင်း၊ လမ်းဘေးများ၌ ရေတွင်းရေကန်များတူဖော်ဈေခင်း၊ သစ်ပင်စိုက်ပျိုးဈေခင်း စသည့် ကြီးမားကျယ်ပြန့်သည့် လူမှုရေး ကောင်းကျိုးဆောင်ရွက်မှုများသည် ဘာသာတရားလေးစားပြီး စာရိတ္တ နက်ရှိုင်းသူ ဘုရင်အသောက၏ စိတ်ကို အားရကျေနပ်မှု မဖြစ်စေနိုင်သေးပေ။ ပြုပြီးသမျှ လူမှုရေးကောင်းကျိုးဆောင်ရွက်မှုများသည် မတည်မြဲဘဲ ရုပ်ပိုင်းဆိုင်ရာ အကူညီထောက်ပံသာဖြစ်ပြီး ယင်းလှူဒါန်းထောက်ပံမှုများ (ရေတွင်းပေါင်း ရှစ်သောင်းလေးထောင် ရေကန်ပေါင်း ရှစ်သောင်းလေးထောင် စေတီပေါင်း ရှစ်သောင်းလေးထောင်) စသည်များမှာ လောကုတ္တရာဓမ္မရေးရာနှင့် နှိုင်းယှဉ်ပါက မဆိုစလောက်သာ ဖြစ်သည်။ မင်းကြီးအနေဖြင့် ဓမ္မဒါနနှင့်တူသော ဒါနမရှိဟု ပြင်းပြစွာခံစားနားလည်ထားသည်။ (ကျောက်စာအမှတ်(၁၁) နာ သတိ ဧတာရိသံ ဒါနံ၊ ယာရိသံ ဓမ္မဒါနံ) နှင့် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ- ဓမ္မပဒ ဂါထာ ၂၁)။ ။ ထို့ပြင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမဟာထေရ်မြတ်၏ ဩန်သင်ချက်များကြောင့် ဘုရင်မင်းကြီးသည် စစ်မှန်သည့် သာသနဒါယာဒ (သာသနမွေခံ) ဖြစ်စေရန် မိမိ၏ ရင်နှစ်သည်းချာ သားတော် မဟိန္ဒမင်းသားနှင့် သမီးတော် သင်္ဃမိတ္တာ မင်းသမီးကိုတို့ သာသနဘောင်ဩတ်ဩင်းခဲ့လေသည်။ ။ အသောက မင်းကြီးသည် မြတ်ဗုဒ္ဓဓမ္မပြန့်ပွားရေး ရည်ရွယ်ချက်ဖြင့် ယခင်က မကြားဖူး မရှိခဲ့ဖူးသေးသည့် (န ဘူတပြုဗ္ဗ) (ပါဠိ-န ဘူတ ပုဗ္ဗံ) ဓမ္မမဟာမတြ ခေါ်သည့် သာသနာပြုဌာနသစ်တစ်ခု ဖွင့်လှစ်ခဲ့သည်ကို ကျောက်စာအမှတ်(၅)တွင် အတိအလင်း ဖော်ပြထားသည်။ ယင်းကျောက်စာအမှတ်(၅)၌ ဓမ္မမဟာမတြများကို ဓမ္မတည်တံ့ ပြန့်ပွားရေးနှင့် ဘာသာတရားကို ချစ်မြတ်နိုးသူများ၏ ကောင်းကျိုးချမ်းသာရေးအတွက် ဘာသာရေးဂိုဏ်းဂဏအသီးသီး၌ ခန့်ထားကြောင်းပြဆိုထားသည်။

သမိုင်းအကြောင်း

The Economist
အမျိုးအစားWeekly news magazine
ပုံစံအချိုးအစားMagazine
ပိုင်ဆိုင်သူThe Economist Group
တည်ထောင်သူJames Wilson
အယ်ဒီတာZanny Minton Beddoes
တည်ထောင်ခြင်းစက်တင်ဘာ ၁၈၄၃ (၁၈၄၃-၀၉)
Political alignmentClassical liberalism[၁]
Centrism[၂]
ဌာနချုပ်များ25 St. James' Street, Westminster
London, United Kingdom
စောင်ရေ4,594,866 (print); 2,738,348 (digital)[၃]
ဝက်ဘ်ဆိုဒ်economist.com
  • ကိုးကား

ကိုးကား

  1. (2012) Contrastive Media Analysis, 51။ 
  2. "Our endorsement: Who should govern Britain?"၊ The Economist၊ 2 May 2015။ 2 May 2015 တွင် ပြန်စစ်ပြီး 
  3. Seriously popular: The Economist now claims to reach 5.3m readers a week in print and online။ pressgazette.co.uk။ 22 June 2015 တွင် ပြန်စစ်ပြီး။
Other Languages
asturianu: The Economist
azərbaycanca: The Economist
башҡортса: The Economist
भोजपुरी: द इकोनॉमिस्ट
català: The Economist
Mìng-dĕ̤ng-ngṳ̄: Gĭng-cá̤-hŏk-ìng
čeština: The Economist
Cymraeg: The Economist
Deutsch: The Economist
Ελληνικά: The Economist
English: The Economist
Esperanto: The Economist
español: The Economist
euskara: The Economist
فارسی: اکونومیست
français: The Economist
Gaeilge: The Economist
hrvatski: The Economist
հայերեն: The Economist
Bahasa Indonesia: The Economist
italiano: The Economist
lietuvių: The Economist
Bahasa Melayu: The Economist
Nederlands: The Economist
português: The Economist
română: The Economist
русский: The Economist
srpskohrvatski / српскохрватски: The Economist
Simple English: The Economist
српски / srpski: The Economist
svenska: The Economist
Türkçe: The Economist
татарча/tatarça: The Economist
українська: Економіст (журнал)
Tiếng Việt: The Economist
中文: 经济学人
Bân-lâm-gú: The Economist