Death metal

Death metal သည် heavy metalဂီတ၏ ပြင်းထန်သော မျိုးခွဲတစ်မျိုးဖြစ်သည်။ ထုံးစံအတိုင်း ကြီးမားလေးလံသော distorted နှင့် low tuned guitar များကို အသုံးပြုထားပြီး palm muting နှင့် tremolo picking technique များဖြင့် တီးခတ်ထားသည်။ နက်ရှိုင်းသော မာန်ဖီသံ(သို့) စူးရှသောအဆိုပုံစံဖြင့် သီဆိုကြသည်။ ဒရမ်တီးခတ်ပုံမှာ double kick (သို့) blast beat နည်းပညာများဖြင့် ထူးခြားသည်။ minor key များ၊ ရုတ်တရက်ဖြစ်သော tempo, key, time signature များပြောင်းလဲပြီး chromatic chord progression များအသုံးပြုထားသည်။ စာသားများမှာ slasher film များဖြင့် ဖော်ပြပြီး ဆာတန်ဝါဒ၊ ခက်ခဲနက်နဲသည့် ပညာများ၊ lovecraftian horro၊ သဘာဝ၊ စိတ်စွမ်းအင်နှင့် ဆိုင်ခြင်း၊ ဒဿနိကဗေဒ၊ သိပ္ပံပညာနှင့် ဆိုင်သောတီထွင် ဖန်တီးခြင်း နှင့် နိုင်ငံရေးအကြောင်းအရာများကို ရေးစပ်ထားသည်။ သူတို့သည် ပြင်းထန်စွာ ဖျော်ဖြေတင်ဆက်ကြသည်။ ဖယ်ရှားဖျက်ဆီးခြင်း၊ ခွဲခြားစိတ်ဖြာ ဆန်းစစ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ဇတ်တူသားစားခြင်းတို့ပါဝင်သည်။

thrash metal နှင့် အစောပိုင်း black metal များမှ ဂီတတည်ဆောက်ပုံများဖြင့် တည်ဆောက်ထားသည်။ death metal သည် ၁၉၈၀ အလယ်ပေါ်ထွက်လာခဲ့သည်။ Venom, Slayer, Celtic Frost နှင့် Kreator စသော တီးဝိုင်းများမှာ ဤအမျိုးအစားဖန်တီးမှုတွင် အရေးပါစွာ လွှမ်းမိုးခဲ့သည်။ Possessed နှင့် Death တီးဝိုင်းတို့နှင့်အတူ Autopsy, Obituary, Decide, Cannibal Corpse နှင့် Morbid Angel တို့သည် ဤအမျိုးအစားကို တီထွင်သူဖြစ်သည်ဟု ယူဆကြသည်။ ၁၉၈၀ နောက်ပိုင်းနှင့် ၁၉၉၀ အစောပိုင်းတွင် death metal သည် media ၏ အာရုံစူးစိုက်မှုကို ခံရပြီး ကျော်ကြားသော record label များဖြစ်သော Combat, Earacheနှင့် Roadrunner တို့နှင့် death metal တီးဝိုင်းများ လက်မှတ်ရေးထိုးကြသည်။

Death metal သည် မျိုးခွဲများ ပေါက်ပွားလာခဲ့သည်။ melodic death metal သည် New Wave of British Heavy Metal နှင့်အတူ death metal အစိတ်အပိုင်းများနှင့် ပေါင်းစပ်ထားသည်။ technical death metal သည်ရှုပ်ထွေးသောပုံစံများနှင့် ယေဘုယျမဟုတ်သော ဟာမိုနီနှင့် melody များပါဝင်သည်။ Death-doom ၏ နက်ရှိုင်းသော ဟိန်းဟောက်သံများနှင့် death metal ၏ slow tempoနှင့်အတူ double-kick ဒရမ်တီးခတ်ပုံနှင့် doom metal မှ atmosphere တို့နှင့် ပေါင်းစပ်ထားသည်။ deathgrind, goregrind နှင့် pornogrind တို့၏ ရှုပ်ထွေးသော death metal အမြန်နှုန်းနှင့် ရောစပ်ထားသည်။ Deathcore သည် death metal နှင့် metalcore ကို ပေါင်းစပ်ထားသည်။ Death n’ roll သည် death metal ၏ ဟိန်းဟောက်သံနှင့် မြင့်မားသော distort, detune guitar riff များနှင့်၁၉၇၀ hard rock နှင့် heavy metal ၏ အစိတ်အပိုင်းများနှင့် ပေါင်းစပ်ထားသည်။

Other Languages
aragonés: Death metal
العربية: ديث ميتال
azərbaycanca: Det metal
Boarisch: Death Metal
беларуская: Дэз-метал
беларуская (тарашкевіца)‎: Дэз-мэтал
български: Дет метъл
বাংলা: ডেথ মেটাল
bosanski: Death metal
català: Death metal
کوردی: دێت مێتاڵ
čeština: Death metal
dansk: Dødsmetal
Deutsch: Death Metal
Ελληνικά: Death metal
English: Death metal
Esperanto: Mortmetalo
español: Death metal
euskara: Death metal
فارسی: دث متال
français: Death metal
Gàidhlig: Meatailt Bàis
galego: Death metal
עברית: דת' מטאל
hrvatski: Death metal
magyar: Death metal
Bahasa Indonesia: Death metal
íslenska: Dauðarokk
italiano: Death metal
日本語: デスメタル
ქართული: დეზ-მეტალი
한국어: 데스 메탈
lietuvių: Mirties metalas
latviešu: Nāves metāls
македонски: Дет метал
Bahasa Melayu: Death metal
Nederlands: Deathmetal
norsk nynorsk: Death metal
occitan: Death metal
polski: Death metal
português: Death metal
română: Death metal
русский: Дэт-метал
srpskohrvatski / српскохрватски: Death metal
Simple English: Death metal
slovenčina: Death metal
slovenščina: Death metal
српски / srpski: Det metal
svenska: Death metal
Türkçe: Death metal
українська: Дез-метал
oʻzbekcha/ўзбекча: Death metal
Tiếng Việt: Death metal