Avant-garde metal

Avant-garde Metal သည် avant-metal (သို့) experimental metal ဟုလည်းသိကြပြီး heavy metal ၏ မျိုးခွဲတစ်မျိုးဖြစ်သည်။ non-standard နှင့် unconventional sound များ၊ တူရိယာများ၊ သီချင်းတည်ဆောက်ပုံများ၊ တီးခတ်သည့် ပုံစံများနှင့် vocal နည်းပညာများ ပါဝင်သည်။ progressive rock နှင့် extreme metal တို့မှ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာသည်။ အမေရိကန်ပြည်ထောင်စုမှ လော့စ်အိန်ဂျယ်လိစ်မြို့၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ ဘော့စတွန်မြို့နှင့် ဆီအက်တယ်မြို့၊ နော်ဝေနိုင်ငံမှ အော့စလိုမြို့၊ နှင့် ဂျပန်နိုင်ငံမှ တိုကျိုမြို့ ဖြစ်ရပ်များကို တွေ့နိုင်သည်။

ဝိသေသလက္ခဏာများ

Avant-garde Metal သည် အဓိပ္ပါယ်သတ်မှတ် ဖော်ပြရန် ခက်ခဲသော အမျိုးအစားဖြစ်သည်။ avant-garde metal သည် သီးခြားသတ်မှတ်ထားသော atmospheric metal သို့ post-metal အတွက် မကြာခဏသုံးကြပြီး post-rock မှ ကိုးကားထားခြင်းဖြစ်သည်။ avant-garde metal သည် progressive metal နှင့် ဆက်နွယ်နေသည်။ သို့သော် avant-garde metal သည် မကြာခဏ စမ်းသပ်လေ့လာပြီးသားဖြစ်သည်။ avant-garde metal သည် သမားရိုးကျ မဟုတ်သောအသံများ၊ ချိုးဖောက်ထားသော ဓလေ့ထုံးတမ်းများနှင့် အစိတ်အပိုင်းအသစ်များပါဝင်သည်။ Mean Deviation စာအုပ်မှ Jeff Wagner အဆိုအရ avant-garde metal တီးဝိုင်းများသည် electronic percussion နှင့် drum machine များကို ကျယ်ပြန့်စွာ အသုံးပြုထားသည်ဟု ဆိုသည်။ အမျိုးသမီးသီဆိုသံများနှင့် ပြဇတ်နှင့် ဆိုင်သော အစိတ်အပိုင်းများပါဝင်ပြီး Celtic frost တီးဝိုင်းတွင် လွှမ်းမိုးခဲ့သည်ကိုလည်း တွေ့ရသည်။ ကနေဒါ တီးဝိုင်း Voivod သည် ဤအမျိုးအစားထဲရှိ အနာဂတ်တီးဝိုင်းများတွင် လွှမ်းမိုးခဲ့သည်ကို တွေ့ရှိရသည်။ တီထွင်ခဲ့သော နည်းပညာများမှာ robotic vocal effect များ၊ သမားရိုးကျမဟုတ်သော time signature များနှင့် fractured, dissonant, unorthodox guitar သံများဖြစ်သည်။

Other Languages