အီရန်-အီရတ် ငလျင်

2017 Iran–Iraq earthquake [၁] [၂] [၃]
Iran-Iraq border earthquake ShakeMap (cropped).jpg
Template:OSM Location map
နေ့ရက် ၁၂ နိုဝင်ဘာ ၂၀၁၇ (၂၀၁၇-၁၁-၁၂)
ဒေသအချိန် 18:18:18 UTC
အတိုင်းအတာ

7.3 [၄] [၁]

[၂] [၃] [၅] [၁]
အနက် ၁၉.၀ km (၁၂ mi) [၄]
ငလျင်ဗဟို 34°54′18″N 45°57′22″E / 34°54′18″N 45°57′22″E / 34.905; 45.956 [၄]
အမျိုးအစား Thrust fault [၄]
ထိခိုက်သည့် နိုင်ငံ၊ ဒေသ
  • Iran
  • Iraq
Max. intensity VIII (Severe)
နောက်ဆက်တွဲငလျင် 11 November
အသေအပျောက် 540+ dead
8,100+ injured [၆] [၇] [၈] [၉]
70,000+ homeless [၉]

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ၁၈:၁၈ UTC တွင် ဖြစ်ပွားခဲ့သည်။ အီရန်နိုင်ငံ စံတော်ချိန် ၂၁:၄၈ အချိန် ဖြစ်၏။ အာရေးဘီးယားနိုင်ငံ စံတော်ချိန်သည် ၂၁:၁၈ ဖြစ်သည်။ ပြင်းအား ၇.၃ ပမာဏ ရှိသည့် ငလျင်သည် တဒင်္ဂအတွင်းမှာ ဖြစ်ပွားခဲ့သည်။ ဖြစ်ခဲ့သည့် နေရာသည် အီရန်-အီရတ် နယ်နိမိတ်တွင် ဖြစ်၏။ Kermanshah စီရင်စုသည် ငလျင်ဗဟိုချက်မဖြစ်သည်။ [၄] [၁၀] အီရတ်၏ မြို့တော် Halabja မှ တောင်ဘက် ခန့်မှန်းခြေ ၁၉ မိုင် (၃၀ ကီလိုမီတာ) တွင် တည်ရှိသည်။ [၄]

၎င်းဒဏ်ကို အဝေးရှိ အစ္စရေးနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့လည်း ခံစားခဲ့ရသည်။ အီရန်တွင် လူ ၅၃၀ ဦး၊အီရတ်တွင် ၁၀ ဦး သေဆုံးခဲ့သည့်အတွင် စုစုပေါင်း ၅၄၀ ဦး သေဆုံးခဲ့သည်။ လူပေါင်း ၈၁၀၀ သည် ထိခိုက်မှုများ ဖြစ်ခဲ့သည်။ ထို့ပြင် မရေတွက်ရသေးသည့်အတွက် အရေအတွက်သည် ထိုထက်လည်း များနိုင်သည်။ [၁၁] [၆] [၁၂] လတ်ရှိတွင် ထိုငလျင်သည် ၂၀၁၇ ခုနှစ်အတွက် သေဆုံးသူအများဆုံးငလျင် ဖြစ်ခဲ့သည်။ [၁၃]

ငလျင်

အီရန်နိုင်ငံ၊Sarpol-e Zahab ရှိ အဆောက်အဦတစ်ခု ထိခိုက်ပျက်စီးနေပုံ
Chart of the aftershocks that followed 11 November main shock

Baghdad ၏ အရှေ့မြောက်ဘက် [၁] [၁၄] [၃] ခန့်မှန်းခြေ ၂၂၀ ကီလိုမီတာ (၁၄၀ မိုင်) အကွာရှိ အီရန်-အီရတ် နယ်နိမိတ်အနီးတွင် ဖြစ်ပွားခဲ့သည်။ [၁] [၁၄] [၃] [၅] အမေရိကန်နိုင်ငံ၏ ဘူမိဗေဒလေ့လာမှုများအရ ငလျင်၏ ပြင်းအားသည် ၇.၃ ဖြစ်သည်။ [၂] ငလျင်ဗဟိုချက်သည် ၁၉ ကီလိုမီတာ (၁၁.၈ မိုင်) အနက်တွင် တည်ရှိသည်။ ငလျင်သည် ဒေသတွင်းတွင် အားအပြင်းဆုံးငလျင် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၁၉၆၇ ခုနှစ် ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့သည့်ငလျင်သည် ၆.၁ Mw ရှိသည်။ [၄] ထိုငလျင်ကြောင့် အရှေ့အလယ်ပိုင်းတစ်လျှောက်လုံးကို ထိခိုက်မှုများ ဖြစ်ခဲ့သည်။ ထို့ပြင် ဝေးလံသည့် အစ္စရေး၊ အာရေဗျကျွန်းဆွယ်၊ တူရကီတို့တွင်လည်း ထိခိုက်မှုများ ရှိခဲ့သည်။ [၁၅] [၁၆] [၁၇] [၈] အီရန်မြေငလျင်ဌာနက နာရီအနည်းငယ်အတွင်း လှုပ်ခတ်မှုသည် အနည်းဆုံးအကြိမ် ၅၀ ခန့်ရှိသည်ဟု မှတ်တမ်းတင်ခဲ့သည်။ [၁၈]

Other Languages