အဏုမြူ လက်နက်

1945 ခုနှစ် ဂျပန်နိုင်ငံ နာဂါစာကီမြို့အား အက်တောမစ်ဗုံး ကြဲချပြီးနောက် ပေါက်ကွဲစဉ် မြင်တွေ့ရသည့် မှိုပွင့်သဏ္ဌာန် မီးခိုးလုံးကြီး။

အဏုမြူလက်နက်သည် နျူကလီးယား ကွဲထွက်ခြင်းနှင့် ပေါင်းစပ်ခြင်း အပါအဝင် ဓာတ်ပြုမှု တသီတတန်းကြီးကို အစွဲပြုပြီး ပေါက်ကွဲစေသည့် လက်နက်ပစ္စည်း တစ်မျိုးဖြစ်သည်။ ဓာတ်ပြုမှု နှစ်မျိုးစလုံးတွင် အလွန်အမင်း သေးငယ်သည့် ဒြပ်ထုမှ အဆမတန် ကြီးမားသည့် စွမ်းအင်များကို ထုတ်လွှတ်နိုင်သည်။ [၁]

ဖောက်ခွဲရေး ကရိယာ တစ်ခုဖြစ်သော နျူကလီးယာ လက်နက် ၎င်း၏ စွမ်းအင်ကို ဖြူးရှင်း သို့မဟုတ် ဖြူးရှင်း နှင့် ဖစ်ရှင်း ပေါင်းခြင်းတို့မှ ဖြစ်ပေါ်သော နျူကလီးယာ ဓာတ်ပြုခြင်း မှရှိသည်။ ၎င်းနှစ်ခုစလုံးသော ဓာတ်ပြုခြင်းများသည် အဆမတန် ရှိသော် စွမ်းအင်များကို အလွန်သေးငယ်သော အရာဝတ္ထုမှ ထွက်ပေါ်လာပြီး ကီလိုဂရမ် တစ်ထောင်မျှသာရှိသော ခေတ်ပေါ် နျူကလီးယာ လက်နက်သည် သာမန် အလွန်ပြင်းထန်သော ဖောက်ခွဲရေး ပစ္စည်း တစ်ဗီလီရမ် ကီလိုဂရမ် နှင့်ညီမျှသည်။ သေးငယ်သော နျူကလီးယာ လက်နက် ကရိယာပင်ဖြစ်ပါစေ၊ သာမန် ဗုံးထက် အဆပေါင်းများစွာ ပြင်းထန်ပြီး မြို့တစ်မြို့ကို ကောင်းစွာ ဖျက်ဆီးနိုင်သည်။ ထိုကြောင့် နျူကလီးယာ လက်နက် ကို အလုံးစုံ ဖျက်သုံးရေး လက်နက် (weapons of mass destruction) ဟုခေါ်ပြီး ၎င်း၏ အသုံးပြုမှုကို ထိမ်းချူပ်ထားကာ နိုင်ငံတကာ ပေါ်လစီ များတွင် အဓိက အငြင်းပွားရာဖြစ်သည်။

သမားရိုးကျဗုံးများထက် အရွယ်အစား၊ အလေးချိန်အားဖြင့် သေးငယ်ပေါ့ပါးသည့် အဏုမြူဗုံးများသည် မြို့ကြီးတမြို့လုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံသီးသီးက အဏုမြူလက်နက်အား ဖျက်အားပြင်းလက်နက် (Weapons of Mass Destruction, WMD) အဖြစ် သတ်မှတ်ကာ အဏုမြူလက်နက် မပြန့်ပွားရေးသည်လည်း အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတွင် အာရုံစူးစိုက်နေသည့် အရေးကြီးသည့် အကြောင်းအရာ တရပ်ဖြစ်သည်။

ကမ္ဘာ့သမိုင်းတွင် အဏုမြူလက်နက်များအား တိုက်ခိုက်ရေး လက်နက်အဖြစ် နှစ်ကြိမ်သာ အသုံးပြုခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးခါနီး ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက် မနက်တွင် အမေရိကန်တို့က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့အားလည်းကောင်း၊ ၃ ရက်ကြာပြီးနောက် နာဂါစာကီမြို့အားလည်းကောင်း အက်တောမစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။ ဤဗုံးနှစ်လုံးပေါက်ကွဲအားနှင့် ရေဒီယိုသတ္တိကြွ ပစ္စည်းများကြောင့် အများစုမှာ အရပ်သားများ ဖြစ်ကြသည့် လူပေါင်း ၁၂၀,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့သည်။ ရေဒီယိုသတ္တိကြွ ပစ္စည်းများ၏ နောက်အကျိုးဆက်များကြောင့်လည်း လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရသည်။

ဟီရိုရှီးမားနှင့် နာဂါစာကီ ဗုံးကြဲတိုက်ခိုက်မှုပြီးနောက် အစမ်းသဘောဖြင့်သော်လည်းကောင်း၊ အင်အားပြသသည့် အနေဖြင့်သော်လည်းကောင်း အဏုမြူလက်နက်များကို အကြိမ်ပေါင်း ၂၀၀၀ ကျော် စမ်းသပ်ဖောက်ခွဲခဲ့သည်။ ယနေ့အထိ အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ ယူကေ၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် မြောက်ကိုးရီးယား စသည့် နိုင်ငံများသည် အဏုမြူလက်နက်များကို ပိုင်ဆိုင်ကြသည်။ အစ္စရေးတို့တွင်လည်း အဏုမြူ လက်နက်များ ရှိနိုင်သည်ဟု အများက ယုံကြည်ကြသည်။

၁၉၃၉ ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ အိုဟန်နှင့် အက်(ဖ)စတြတ်စမန်း ဆိုသူတို့သည် ယူရေနီးယမ်းဒြဗ်စင်မှ ကွဲပွားခြင်းဖြစ်သည်ကို စတင်၍တွေ့ခဲ့ကြ၏။ ထိုသိရှိမှုကိုအခြေ တည်ကာ ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန်ပြည်ထောင်စု တွင် အမေရိကန်အစိုးရ၊ ဗြိတိသျှအစိုးရနှင့် ကနေဒါအစိုးရတို့ သည် ပူးပေါင်းကာ အက်တမ်ဗုံးဖြစ်မြောက်ရေးကို ကြံစည်ပြု လုပ်ခဲ့ကြသည်။ ပထမ အက်တမ်ဗုံးကို အစမ်းသဘောဖြင့် ၁၉၄၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် နျူးမက္ကဆီကိုရှိ သဲကန္တာရအတွင်း၌ ချကြည့်ရာ အောင်မြင်လေသည်။ ထိုနှစ်ဩ ဂုတ်လ ၆ ရက်နေ့တွင် အမေရိကန် လေယာဉ်ပျံများသည် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို သွားရောက်၍ အက်တမ်ဗုံးတစ်လုံး ကိုချပြီးနောက် ၉ ရက်နေ့တွင် တစ်ဖန် နာဂါဆာကီမြို့ပေါ်၌ နောက်တစ်လုံးကိုချပြန်သည်။ ထိုအက်တမ်ဗုံးများမှာ ပြင်းထန် လှသဖြင့် ဂျပန်တို့သည် ထိုနှစ် ဩဂုတ်လ ၁၄ ရက်နေ့၌ပင် လက်နက်ချကာ အရှုံးပေးကြရလေသည်။ အက်တမ်ဗုံးတစ်လုံး ပေါက်ကွဲခြင်းသည် မည်မျှပြင်းထန်သနည်းဆိုသော် တီ၊ အင်၊ တီခေါ် ယမ်းတန်ချိန် ၂ဝဝဝဝ ပေါက်ကွဲသည်ထက်ပင် ပြင်း ထန်သည်ဟု ဆိုလေသည်။

အက်တမ်မှစွမ်းအင်ထုတ်ယူနိုင်မှုသည် သိပ္ပံသမိုင်းတွင် အဓိကအောင်မြင်မှုကြီးတစ်ရပ်ဖြစ်၏။ အက်တမ်၏စွမ်းအင်ကို အကောင်းဆိုး နှစ်ဖက်စလုံးတွင် ထိရောက်စွာ အသုံးပြုနိုင်ပေ သည်။ အဆိုးဖက်ဖြစ်သော စစ်မက်ရေးရာ၌ ထိုစွမ်းအင်ကို အသုံးပြုမည်ကိုဆိုလျှင် ကမ္ဘာတစ်ရပ်လုံးရှိ ယဉ်ကျေးမှုသည် ပျက်ပြုန်းသွားနိုင်စရာ အကြောင်းရှိပေသည်။ အကောင်းဖက် ဖြစ်သော စက်မှုလုပ်ငန်းတို့၌ အသုံးချနိုင်မည်ဆိုလျှင် လောက နိဗ္ဗာန်ကိုပင် ဖန်တီးနိုင်စရာအကြောင်းရှိပေသည်။

အက်တမ်ဗုံး မပေါ်သေးမီက ရူပဗေဒပညာရှင်ကြီးများ သည် ဒြဗ်နှင့်စွမ်းအင်မှာ သီးခြားစီဖြစ်သည်ဟု ယူဆခဲ့ကြ၏။ ဒြဗ်ကို ဖန်တီးခြင်းငှာသော်လည်းကောင်း၊ ဖျက်ဆီးခြင်းငှာသော် လည်းကောင်း မစွမ်းဆောင်နိုင်ဟု ယူဆခဲ့ကြသည်။ စွမ်းအင်ကို လည်း ထို့အတူ ယူဆခဲ့ကြသည်။ သို့ရာတွင် အိုင်စတိုင်းခေတ် သို့ရောက်သောအခါ ဒြဗ်နှင့်စွမ်းအင်ကို တစ်ခုတည်းအဖြစ် ပူး ပေါင်းကြံစည်ကြည့်လာသည်။

အက်တမ်ဆောက်တည်ပုံနှင့် စပ်လျဉ်း၍ လော့ရားသား ဖို့သည် အက်တမ်တွင် နျူကလိယပ် (ဗဟိုဝတ်ဆံ) ရှိသည်ဟု ပြောခဲ့သည်။ ဗိုးဆိုသူက တစ်ဖန်ထပ်၍ အီလက်ထရွန်များ သည် နျူကလိယပ်ကို လှည့်လည်ကာ ဂြိုဟ်များ နေကိုပတ်၍ သွားနေသကဲ့သို့ သွားနေကြသည်ဟု တိုးချဲ့ပြီးပြောခဲ့ပြန်သည်။ ယခုအခါ ယူဆနေကြသည်မှာ အက်တမ်တွင် ပရိုတွန်၊ နျူထ ရွန်နှင့် အီလက်ထရွန်တို့ ပါဝင်သည်။ ပရိုတွန်နှင့် နျူထရွန် သည် အက်တမ်၏ နျူကလိယပ်တွင်ရှိပြီးလျှင် အီလက်ထရွန် တို့သည် နျူကလိယပ်ကို လှည့်ပတ်ကာ သွားနေကြသည်။ ပရိုတွန်တွင် လျှပ်စစ်အဖိုဓာတ်ရှိပြီးလျှင် အီလက်ထရွန်တွင် တူ ညီသည့် လျှပ်စစ်အမဓာတ်ရှိသည်။ နျူထရွန်တွင်ကား လျှပ်စစ် ဓာတ် လုံးဝမရှိချေ။ သာမန်ဓာတ်ပြောင်းမှုတွင် အက်တမ်၏ နျူကလိယပ်၌ မည်သို့မျှပြောင်းလဲမှုမရှိဘဲ အက်တမ်ချင်းသာ ပေါင်းစပ်၍ မော်လီကျူများ ဖြစ်ကြသည်။ သို့ရာတွင် အက် တမ်မှ စွမ်းအင်ထုတ်လွှတ်ရာ၌ကား နျူကလိယပ်တွင် ပြောင်း လဲမှုရှိလေသည်။

လျှပ်စစ်ဓာတ်အားသည် ပရိုတွန်များကို တစ်ခုနှင့် တစ်ခု ဖဲကြဉ်စေမည် ဖြစ်သော်လည်း နျူထရွန်များကိုမူကား မည်သို့မျှမပြုလုပ်နိုင်ချေ။ ထို့ကြောင့် အခြားအား တစ်စုံတစ်ခု မရှိဘဲ အက်တမ်၏ နျူကလိယပ်သည် စု၍နေနိုင်မည်မဟုတ် ပေ။ အက်တမ်၏နျူကလိယပ်အတွင်း မပြောနိုင်လောက်အောင် သေးငယ်သည့် အကွာအဝေးများအကြားတွင် ပရိုတွန်များနှင့် နျူထရွန်များကို စုစည်းသောအားရှိသည်။ ထိုအားကို စုစည်း အားဟုခေါ်သည်။

နျူကလိယပ်တစ်ခုမှ စုစည်းအားပို၍များသည့် အခြား နျူကလိယပ်တစ်ခုသို့ ပြောင်းလဲသည့်အခါတိုင်းတွင် ဒြဗ်ထု သည် လျော့နည်းသွား၍ ထိုလျော့နည်းသွားသော ဒြဗ်ထုသည် စွမ်းအင်ဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအချက်ကို အခြေပြု၍ ရူပဗေဒဆရာကြီးများသည် အက်တမ်စွမ်းအင်ရနိုင်သည့်နည်းမှာ နှစ်နည်းရှိကြောင်းကို တွေ့ခဲ့ကြသည်။ ပထမနည်းမှာ အလွန် ပေါ့သော နျူကလိယပ်များကို လေးသော နျူကလိယပ်များ အဖြစ်သို့ ပြောင်းပေးသောနည်းဖြစ်၍ ဒုတိယနည်းမှာ အလေး ဆုံးဖြစ်သည့် နျူကလိယပ်များကို ခွဲပစ်သောနည်းဖြစ်သည်။ နက္ခတ္တဗေဒဆရာကြီးများက နေနှင့်ကြယ်များအတွင်း၌ဖြစ်သော စွမ်းအင်မှာ ပထမနည်းအရဖြစ်သည်။ ထိုနည်းဖြင့် စွမ်းအင်ရရှိ အောင် လူတို့ပြုလုပ်ခြင်းငှာ စွမ်းနိုင်မည်မဟုတ်ဟု ဆိုကြ သည်။ အက်တမ်ဗုံး ပြုလုပ်ရာတွင် အသုံးပြုသောနည်းမှာ ဒုတိယနည်းဖြစ်သည်။

အက်တမ်၏ နျူကလိယပ်များကို ဖြိုခွဲနိုင်သည့်နည်းကို သိပ္ပံကဝိအများပင် စုံစမ်းလေ့လာခဲ့ကြ၏။ ၁၉၁၉ ခုနှစ်သို့ ရောက်သောအခါ အက်တမ်ဆောက်တည်ပုံကို ပြောခဲ့သည့် ရားသားဖို့ကပင် ရေဒီယမ်မှထွက်သည့် အာလဖာမြူမှုန်များဖြင့် နိုက်တြိုဂျင်ကို ဖောက်ကြည့်ရာ နိုက်ထရိုဂျင်နျူကလိယပ်မှ ပရို တွန်များ ထွက်လာသည်ကို တွေ့ခဲ့သည်။ နိုက်တြိုဂျင်သည် အောက်ဆီဂျင်၏ အိုင်ဆိုတုပ်အဖြစ်သို့ ပြောင်းသွားသည်။ ရား သားဖို့၏ တွေ့ရှိမှုကိုအားကျ၍ ကမ္ဘာအနှံ့အပြားတွင် သိပ္ပံဆရာ ကြီးများသည် အက်တမ်၏ နျူကလိယပ်ဖြိုခွဲမှုကို စမ်းသပ်ပြု လုပ်ကြလေသည်။ ထို့နောက် တဖြည်းဖြည်း လေ့လာခဲ့ကြရာ တွင် ရေဒီယမ်မှထွက်သည့် အာလဖာမြူမှုန်များထက် စွမ်းအင် ကြီးမားသော မြူမှုန်များဖြင့် အက်တမ်များကိုဖြိုခွဲလျှင် ပို၍ထိ ရောက်နိုင်ကြောင်း သိလာကြလေသည်။ ၁၉၃၁ ခုနှစ်တွင် အီး၊ အို၊ လောရင့် ဆိုသူက ဆိုင်ကလိုထရွန်ခေါ် ကရိယာတစ်ခုကို တီထွင်လိုက်၏။ ထိုကိရိယာတွင် အက်တမ်ကိုဖြိုခွဲမည့် မြူမှုန် များကို အလွန်ပြင်းထန်သည့် မြန်ရှိန်ရရှိအောင် သံလိုက်ဓာတ် နယ်တွင် လှည့်ပတ်သွားစေသည်။

၁၉၂ဝ ပြည့်နှစ်လောက်တွင် ရားသားဖို့သည် လျှပ်စစ် ဓာတ်အားကင်းမဲ့ပြီး ပရိုတွန်၏ဒြဗ်ထုလောက်ရှိသော မြူမှုန်ရှိ လျှင် နျူကလိယပ်ဆောက်တည်ပုံ ပြဿနာမှာ ပို၍လွယ်ကူလိမ့် မည်ဟု ပြောခဲ့လေသည်။ ထိုမြူမှုန်ကို ရားသားဖို့က နျူထရွန် ဟုအမည်မှည့်ခေါ်သည်။ ၁၉၃၂ ခုနှစ်တွင် ဂျေ၊စီ၊ ချက်ဒဝစ် ဆိုသူသည် အက်တမ်ကိုဖြိုခွဲရာ၌ အချို့စမ်းသပ်မှုများတွင် တွေ့ ရသော ဖောက်ထွင်းမှုသတ္တိ အလွန်ကောင်းသည့် ရေဒီယေးရှင်း မှာ ထိုနျူထရွန်များပင် ဖြစ်ကြောင်းကို လက်တွေ့ပြသခဲ့လေ သည်။

အိုဟန်နှင့် စတြတ်စမန်းတို့သည် ဒုတိယကမ္ဘာစစ် မဖြစ်မီ ရှစ်လလောက်က ယူရေနီးယမ်းကို နျူထရွန်များဖြင့် ပြင်းထန်စွာ ဖောက်ပေးသောအခါ ဗေရီယမ်ကိုရရှိနိုင်ကြောင်း ကြေညာခဲ့လေသည်။ ထို့နောက် သိပ္ပံဆရာကြီးများသည် စစ် ပြေးနေစဉ် အမေရိကန်ပြည်ထောင်စု၌ ယူရေးနီးယမ်းအက်တမ် ပေါက်ကွဲသောအခါတွင် မယုံကြည်နိုင်လောက်အောင် စွမ်းအင် အမြောက်အမြားထွက်ကြောင်းကို ဆွေးနွေးပြောဆိုကြလေသည်။ ထို့နောက် တဖြည်းဖြည်း တိုးတက်ကြံစည်လာကြရာ ၁၉၄ဝ ပြည့်နှစ် ဇွန်လတွင် အက်တမ်မှ စွမ်းအင်ထုတ်ယူနိုင်သည့် အခြေခံအချက်များကို သိပ္ပံဆရာကြီးများ သိမြင်လာကြလေ သည်။

ဆိုင်ကလိုထရွန်မှာ အလွန်အသုံးဝင်သော အက်တမ်ခွဲ ကရိယာဖြစ်၍ ထိုကိရိယာ၏သဘောကို အကျဉ်းမျှ သိထိုက်ပေ သည်။ ဆိုင်ကလိုထရွန်၏ အလယ်တွင် ခွန်အားအလွန်ကြီးမား သော လျှပ်စစ်သံလိုက်ရှိသည်။ သံလိုက်၏ ဝင်ရိုးစွန်းများကို လက်မအနည်းငယ်စီခြား၍ တစ်ခုပေါ်တစ်ခု ဆင့်ကာ တပ်ဆင် ထားသည်။ သံလိုက်တို့၏အကြားတွင် ကျယ်၍တိမ်သော ပြောင်းလုံးပုံပြည့်အခန်းကို ထည့်သွင်းထားသည်။ ထိုအခန်းတွင် တစ်ဖန် ပြောင်းလုံးပုံဝက် အခန်းနှစ်ခုကို မျက်နှာချင်းဆိုင်ချ ထားသည်။ ထို ပြောင်းလုံးပုံဝက် အခန်းများကို ဒီး ဟုခေါ် သည်။ ဒီးတို့ကို တစ်ခုနှင့်တစ်ခု ဓာတ်မလိုက်အောင်လည်း ကောင်း၊ ပြောင်းလုံးပုံပြည့် အခန်းမနှင့် ဓာတ်မလိုက်အောင် လည်းကောင်း ပြုလုပ်ထားသည်။ ထိုအခန်းများတွင် ဟိုက်ဒြို ဂျင်၊ ဒျူတီရီယမ် (ဟိုက်ဒြိုဂျင်လေး)၊ သို့မဟုတ် ဟီလီယမ်ကို ဖိအားနည်းနည်းနှင့် ဖြည့်ထား၏။ အသုံးပြုသောဓာတ်ငွေ့၏ အမျိုးအစားကိုလိုက်၍ ဓာတ်အားရမြူမှုန်များသည် ပေါဆီထရွန် များ၊ ဒျူတာရွန်များ၊ သို့မဟုတ် အာလဖာမြူမှုန်များဖြစ်ကြ သည်။ ဆိုင်ကလိုထရွန်မှ အက်တမ်ကိုဖြိုခွဲရန် ထွက်လာသော ဓာတ်အားရမြူမှုန်များသည် တစ်စက္ကန့်လျှင်မိုင်ပေါင်း ၂ဝဝဝဝ ခန့် မြန်ရှိန်နှုန်းဖြင့် ထွက်လာသည်။ ထိုမြန်ရှိန်နှုန်းမှာ ရိုင်ဖယ် သေနတ်ကျည်ဆံ၏ မြန်ရှိန်နှုန်းထက် အဆပေါင်း ၃၅,ဝဝဝ ခန့်မျှ ပို၍လျှင်မြန်သည်။

အက်တမ်သည် လေးလေလေ ဖြိုခွဲလိုက်သောအခါ စွမ်းအင်အထွက်မှာ များလေလေဖြစ်သည်။ အဘယ်ကြောင့်ဆို သော် ပို၍လေးလံသောအက်တမ်၏ နျူကလိယပ်ကို ခိုင်မြဲစွာ စုစည်းထားရန် စွမ်းအင်ပို၍လိုသောကြောင့်ဖြစ်သည်။ ယူ-၂၃၅ အက်တမ်ကို ဖြိုခွဲလိုက်သောအခါ ထိုအက်တမ်၏ နျူကလိယပ် ကို စုစည်းထားသော စွမ်းအင်အားလုံးသည် ပြိုကွဲ၍ထွက်လာ သော အက်တမ်ငယ်နှစ်ခု၏ နျူကလိယပ်နှစ်ခုကို စုစည်းထား သည့် စွမ်းအင်စုစုပေါင်းထက် ပို၍များသည်။ ထိုပိုများသော စွမ်းအင်သည် နည်းနှစ်မျိုးဖြင့် အက်တမ်မှ လွတ်ထွက်သွား သည်။ ပထမနည်းမှာ တန်ခိုးကြီးသော အိပ်စရေးကဲ့သို့သော ရေဒီယေးရှင်း အဖြစ်ဖြင့် လွတ်ထွက်ခြင်းဖြစ်သည်။ ဒုတိယ နည်းမှာ အက်တမ်ကို နှစ်ခြမ်းပေါက်ကွဲစေသော စွမ်းအင်အဖြစ် ဖြင့် လွတ်ထွက်ခြင်းဖြစ်သည်။ ကွဲထွက်သော အက်တမ်၏ အစိတ်အပိုင်းတို့တွင် အက်တမ်ငယ်များနှင့် နျူထရွန်များပါဝင် သည်။ ယူ-၂၃၅အက်တမ်ကို ဖြိုခွဲလိုက်သောအခါ ထိုအက်တမ်၏ နျူကလိယပ် ကို စုစည်းထားသော စွမ်းအင်အားလုံးသည် ပြိုကွဲ၍ထွက်လာသော အက်တမ်ငယ်နှစ်ခု၏ နျူကလိယပ်နှစ်ခုကို စုစည်းထား သည့် စွမ်းအင်စုစုပေါင်းထက် ပို၍များသည်။ ထိုပိုများသော စွမ်းအင်သည် နည်းနှစ်မျိုးဖြင့် အက်တမ်မှ လွတ်ထွက်သွား သည်။ ပထမနည်းမှာ တန်ခိုးကြီးသော အိပ်စရေးကဲ့သို့သော ရေဒီယေးရှင်း အဖြစ်ဖြင့် လွတ်ထွက်ခြင်းဖြစ်သည်။ ဒုတိယ နည်းမှာ အက်တမ်ကို နှစ်ခြမ်းပေါက်ကွဲစေသော စွမ်းအင်အဖြစ် ဖြင့် လွတ်ထွက်ခြင်းဖြစ်သည်။ ကွဲထွက်သော အက်တမ်၏ အစိတ်အပိုင်းတို့တွင် အက်တမ်ငယ်များနှင့် နျူထရွန်များပါဝင် သည်။ ယူ-၂၃၅ အက်တမ်သည် ပေါက်ကွဲထွက်သည့်အချိန်၌ အပူချိန်စင်တီဂရိတ် ၂ဝဝ,ဝဝဝ,ဝဝဝ,ဝဝဝ,ဝဝဝ ဒီဂရီ ရှိသည်။

အက်တမ်ဗုံးပေါက်ကွဲရာ၌ ဖြစ်ပေါ်သော အက်တမ်စွမ်း အင်သည် မည်မျှ ဖျက်ဆီးအားရှိသနည်းဟူမူ ဂျပန်နိုင်ငံ၊ ဟိရို ရှီးမားနှင့် နာဂါဆာကီမြို့များ၏ အပျက်အဆီးက သက်သေခံ ပေသည်။

၁၉၄၆ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု စစ်ဖက်ဌာန၏ ထုတ်ပြန်ကြေညာချက်အရ ဟီရို ရှီးမားမြို့တွင် ထိခိုက်ဒဏ်ရာရသူ ၁၃၅,ဝဝဝ (မြို့နေလူဦးရေ ထက်ဝက်ကျော်) ရှိခဲ့၍ ထိုလူဦးရေအနက် ၆၆,ဝဝဝ ခန့်မှာ သေဆုံးသူများဖြစ်ကြ၏။ နာဂါဆာကီမြို့မှာမူ လူဦးရေ ၁၉၅,ဝဝဝ ရှိသည့်အနက် ထိခိုက်ဒဏ်ရာရရှိသူ ဦးရေမှာ ၆၄,ဝဝဝ ဖြစ်၏။ ထိုအနက် ၃၉,ဝဝဝ မှာ သေဆုံးသူများ ဖြစ် ကြသည်။ ဗုံးကျသည့်နေရာ၏ တစ်မိုင်ပတ်လည်ရှိ အရာဝတ္ထု အားလုံးမှာ ကြေပျက်သွားကြောင်း သိရ၏။ ထိခိုက်ဒဏ်ရာရသူ များမှာလည်း ဂမ်မာရောင်ခြည်များ၏ အပူရှိန်ကြောင့် အပူ လောင်အနာကြီးများဖြစ်ကြကြောင်း သိရလေသည်။[၂]


  • ကိုးကား

ကိုးကား

  1. Specifically the US B83 nuclear bomb, with a yield of up to 1.2 Megatons.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
Other Languages
Afrikaans: Kernwapen
Alemannisch: Kernwaffe
aragonés: Arma nucleyar
العربية: سلاح نووي
asturianu: Arma nuclear
azərbaycanca: Nüvə silahı
башҡортса: Ядро ҡоралы
žemaitėška: Kondoulėnis gėnklos
беларуская: Ядзерная зброя
беларуская (тарашкевіца)‎: Ядзерная зброя
български: Ядрено оръжие
brezhoneg: Arm nukleel
català: Arma nuclear
čeština: Jaderná zbraň
Cymraeg: Arf niwclear
Deutsch: Kernwaffe
Ελληνικά: Πυρηνικό όπλο
Esperanto: Atombombo
español: Arma nuclear
eesti: Tuumarelv
euskara: Bonba nuklear
suomi: Ydinase
français: Arme nucléaire
Frysk: Kearnwapen
贛語: 核武器
galego: Arma nuclear
गोंयची कोंकणी / Gõychi Konknni: अणुबॉंब
हिन्दी: परमाणु बम
interlingua: Arma nuclear
Bahasa Indonesia: Senjata nuklir
íslenska: Kjarnorkuvopn
italiano: Arma nucleare
日本語: 核兵器
Basa Jawa: Gaman nuklir
қазақша: Ядролық қару
한국어: 핵무기
Lëtzebuergesch: Atomwaff
latviešu: Kodolieroči
македонски: Нуклеарно оружје
മലയാളം: ആണവായുധം
Bahasa Melayu: Senjata nuklear
नेपाली: परमाणु बम
नेपाल भाषा: आणविक ल्वाभः
Nederlands: Kernwapen
norsk nynorsk: Atomvåpen
occitan: Arma nucleara
ਪੰਜਾਬੀ: ਨਿਊਕਲੀ ਬੰਬ
Pälzisch: Kärnwaff
پنجابی: ایٹم بمب
português: Bomba nuclear
română: Armă nucleară
संस्कृतम्: अण्वस्त्रम्
سنڌي: ائٽم بم
srpskohrvatski / српскохрватски: Nuklearno oružje
Simple English: Nuclear weapon
slovenčina: Jadrová zbraň
slovenščina: Jedrsko orožje
српски / srpski: Нуклеарно оружје
Seeltersk: Käädenwoape
Basa Sunda: Pakarang nuklir
svenska: Kärnvapen
Kiswahili: Bomu la nyuklia
తెలుగు: అణ్వాయుధం
Türkçe: Nükleer silah
татарча/tatarça: Атом-төш коралы
українська: Ядерна зброя
oʻzbekcha/ўзбекча: Yadro quroli
Tiếng Việt: Vũ khí hạt nhân
吴语: 核武器
中文: 核武器
Bân-lâm-gú: He̍k-chú bú-khì
粵語: 核武