ဝါရှင်တန်ဒီစီ

ဝါရှင်တန်ဒီစီ
ပြည်ထောင်စုနယ်မြေ
ကိုလံဘီယာခရိုင်
လက်ဝဲဘက် ထိပ်မှစ၍: ဂျော့ရှ်တောင်းတက္ကသိုလ်ရှိ ဟေလင်ခန်းမ; ကက်ပီတော်အဆောက်အအုံ;ဝါရှင်တန်အထိမ်းအမှတ်ကျောက်တိုင်;ဖရီးဒရစ် ဒေါက်ကလပ် အမျိုးသားသမိုင်းဝင်နေရာ; အာဖရိကန်-အမေရိကန်ပြည်တွင်းစစ် အမှတ်တရ အထိမ်းအမှတ်
လက်ဝဲဘက် ထိပ်မှစ၍: ဂျော့ရှ်တောင်းတက္ကသိုလ်ရှိ ဟေလင်ခန်းမ; ကက်ပီတော်အဆောက်အအုံ;
ဝါရှင်တန်အထိမ်းအမှတ်ကျောက်တိုင်;
ဖရီးဒရစ် ဒေါက်ကလပ် အမျိုးသားသမိုင်းဝင်နေရာ; အာဖရိကန်-အမေရိကန်ပြည်တွင်းစစ် အမှတ်တရ အထိမ်းအမှတ်
ဝါရှင်တန်ဒီစီ၏ အလံတော်
အလံတော်
ဝါရှင်တန်ဒီစီ၏ တံဆိပ်တုံး
စည်းတံဆိပ်
နာမည်ပြောင်(များ): အမေရိကန်ရောမ၊ မြို့တော်၊ ကမ္ဘာ၏မြို့တော်၊
ချောကလက်မြို့၊ ပြည်ထောင်စုမြို့တော်၊ ရုပ်ဆိုးသူများ၏ ဟောလီးဝုဒ်
ဆောင်ပုဒ်: Justitia Omnibus(လက်တင်)
Justice for All (အင်္ဂလိပ်)
ဝါရှင်တန်ဒီစီတည်နေရာ
ဝါရှင်တန်ဒီစီတည်နေရာ
ကိုဩဒိနိတ်: 38°53′42.4″N 77°02′12.0″W / 38°53′42.4″N 77°02′12.0″W / 38.895111; -77.036667
နိုင်ငံ အမေရိကန်
Approved၁၆ ဇူလိုင် ၁၇၉၀
Organized၁၈၀၁
Consolidated၁၈၇၁
Granted limited self-government၁၉၇၃
အမည်ပေးဂျော့ချ် ဝါရှင်တန်
အစိုးရ
 • ကိုလံဘီယာခရိုင်မြို့တော်ဝန်ဗင်းဆင့် စီ ဂရေး (ဒီမိုကရက်ပါတီ)
 • ကိုလံဘီယာခရိုင်ကောင်စီဖီးလ် မန်ဒယ်ဆန် (ဒီမိုကရက်ပါတီ) ဥက္ကဋ္ဌ
ဧရိယာ
 • ပြည်ထောင်စုနယ်မြေ၁၇၇.၀ စတုရန်းကီလိုမီတာ (၆၈.၃ စတုရန်းမိုင်)
 • ကုန်းမြေ၁၅၉.၀ စတုရန်းကီလိုမီတာ (၆၁.၄ စတုရန်းမိုင်)
 • ရေထု၁၈.၀ စတုရန်းကီလိုမီတာ (၆.၉ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၀–၁၂၅ မီတာ (၀–၄၀၉ ပေ)
လူဦးရေ (၂၀၁၃ ခန့်မှန်း)
 • ပြည်ထောင်စုနယ်မြေ၆၄၆,၄၄၉ (အမေရိကန်ပြည်ထောင်စု၏ ၂၃ခုမြောက် အကြီးဆုံးမြို့)
 • သိပ်သည်းမှု၄,၀၆၆/km (၁၀,၅၂၈/sq mi)
 • မြို့ပြကြီး၅,၈၆၀,၃၄၂ (အမေရိကန်၏ သတ္တမမြောက်အဆင့်)
 • မြို့တော်သားဝါရှင်တိုးနီးယန်း
အချိန်ဇုန်Eastern Time Zone (EST) (UTC−5)
 • နွေရာသီ (DST)Eastern Time Zone (EDT) (UTC−4)
ZIP code20001-20098, 20201-20599
ဧရိယာကုဒ်(များ)202
ဝက်ဘ်ဆိုဒ်www.dc.gov

ဝါရှင်တန်မြို့သည် အမေရိကန်ပြည်ထောင်စုနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ပြည်ထောင်စုမြို့တော်ဖြစ်သော်လည်း မည်သည့် ပြည်နယ်အတွင်းတွင်မျှ မတည်ရှိဘဲ ကိုလံဘီယာခရိုင်တွင် သီးခြားတည်ရှိလေသည်။ အမေရိကန်ပြည်ထောင်စုနိုင်ငံ၏ ပထမဆုံးသမ္မတ ဂျော့ဝါရှင်တန်လက်ထက် ၁၇၉၁ ခုနှစ်တွင် မေရီလန်းပြည်နယ်၏ တစ်စိတ်တစ်ဒေသကို အစိုးရရုံးစိုက်ရာမြို့တော် တည်ဆောက်ရန်အတွက် သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့် ဝါရှင်တန်မြို့သည် အစိုးရရုံးစိုက်ရာ သက်သက်အတွက် ပုံစံထုတ်၍ စနစ်တကျ တည်ဆောက်ခဲ့သော ပထမ ဦးဆုံးမြို့ဖြစ်သည်။

ဝါရှင်တန်မြို့တော်သည် ပိုတိုမက် မြစ်ကမ်းဘေးတွင် တည်ရှိ၍ မြစ်ဝမှ အထက်မိုင် ၁ဝဝ ခန့်ကွာဝေးသည်။ မြို့တော်နယ်နိမိတ်သည် ကိုလံဘီယာခရိုင် နယ်နိမိတ်နှင့် ထပ်တူထပ်မျှပင်ဖြစ်၍ အကျယ်အဝန်းအားဖြင့် ၆၉.၂၄၅ စတုရန်းမိုင်ရှိသည်။ အမေရိကန်သမ္မတက ဆီနိတ်အဖွဲ့၏ သဘောတူညီချက်ဖြင့် ခန့်ထားသော ကော်မရှင်နာ သုံးဦးတို့က ကိုလံဘီယာခရိုင်ကို အုပ်ချုပ်ရသည်။

ထိုမြို့တော်ကို ပုံစံထုတ်ရေးဆွဲခဲ့သူကား အမေရိကန်လွတ်လပ်ရေး စစ်ပွဲတွင်ပါဝင်ခဲ့သူ ပြင်သစ်အင်ဂျင်နီယာ မေဂျာ လင်ဖန့်ဖြစ်သည်။ ၁၇၉၃ ခုနှစ်တွင် မြို့တော်ကို စတင်အုတ်မြစ်ချခဲ့၍ ၁၈ဝဝ ပြည့်နှစ်တွင် ထို မြို့တော်သို့ အစိုးရအဖွဲ့ ပြောင်းရွှေ့ရုံးစိုက်ခဲ့၏။ မြို့တော်၏ အမည်ကိုလည်း ထိုမြို့ကို စတင်တည်ခဲ့သူ ဂျော့ဝါရှင်တန်၏ အမည်ကိုအစွဲပြုကာ ဝါရှင်တန်မြို့တော်ဟု ခေါ်တွင်စေခဲ့လေသည်။

မြို့ကွက်ကို စနစ်တကျ ပုံစံချ၍ တည်ဆောက်ထားသောကြောင့် ဝါရှင်တန်မြို့တော်သည် လှပတင့်တယ်သော မြို့ကြီးတစ်မြို့ဖြစ်ပေသည်။ ကက်ပီတော်ဟု အမည်တွင်သော ပါလီမန်လွှတ်တော် အဆောက်အအုံကြီးကို ကက်ပီတော် တောင်ကုန်းပေါ်တွင် တည်ဆောက်ထားသည်။ ထိုအဆောက်အအုံကြီးကို ဗဟိုပြု၍ မြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်သို့ လမ်းမကြီး သုံးသွယ်ရှိသည်။ အခြားလမ်း အသွယ်သွယ်တို့သည်လည်း တစ်လမ်းနှင့်တစ်လမ်း ထောင့်မှန်ကျကျ ဖြတ်သန်းလျက်ရှိသည်။ တစ်ဖန် ထိုလမ်းတို့ကို ထောင့်ဖြတ်လမ်းမကျယ်များက ဖြတ်သန်းလျက်ရှိပြန်သည်။

ဝါရှင်တန်မြို့တော်တွင် ကက်ပီတော်အဆောက်အအုံကြီးသည် ပေ ၉ဝ ခန့်မြင့်သော တောင်ကုန်းပေါ်၌တည်ရှိ၍ သာယာသော ဥယျာဉ်ခြံရံလျက်ရှိသဖြင့် ခန့်ညားတင့်တယ်လှပေသည်။ အပေါ်ပိုင်းသည် ခုံးဝိုင်းပုံဖြစ်၍ ထိပ်တွင် ၁၉ ပေမြင့်သော လွတ်လပ်ရေးကြေးရုပ်ရှိသည်။ လက်ဝဲဘက်တွင် ပြည်သူ့လွှတ်တော် အဆောက်အအုံနှင့် လက်ယာဘက်တွင် ဆီနိတ်လွှတ်တော် အဆောက်အအုံများ အသီးအသီးရှိကြသည်။ ခုံးဝိုင်းအတွင်း၌ အမေရိကန်သမိုင်းမှ ထင်ရှားသော အဖြစ်အပျက်တို့ကို သရုပ်ဖော်ထားသည့် ပန်းချီကားများ၊ နိုင်ငံခေါင်းဆောင်ကြီးတို့၏ ရုပ်တုများရှိလေသည်။

ကက်ပီတော်အဆောက်အုံ၏ အရှေ့တောင်ဘက်တွင် ကမ္ဘာပေါ်၌ အခန့်ညားဆုံး စာကြည့်တိုက် တစ်ခုအဖြစ် ထင်ရှားသော ကွန်ဂရက် စာကြည့်တိုက်ကြီးရှိသည်။ ထိုစာကြည့်တိုက်တွင် စာအုပ်ပေါင်း လေးသန်းကျော်မျှ ရှိသည်။

ကက်ပီတော်မှ အနောက်မြောက်သို့ ထောင့်ဖြတ်ဖောက်လုပ်ထားသော ပင်ဆီလဗေးနီးယား ရိပ်သာလမ်းမကျယ်သည် လေးမိုင်ခွဲမျှရှည်လျား သည်။ ထိုလမ်းမတွင် အမေရိကန်သမ္မတ၏ စံအိမ်ဖြစ်သော အိမ်ဖြူတော် တည်ရှိသည်။ အိမ်ဖြူတော် ခြံဝင်းသည် ၁၈ ဧကရှိ၍ သစ်ပင်၊ ပန်းပင် စသည်တို့ဖြင့် သာယာပေသည်၊ ပင်ဆီလဗေးနီးယားလမ်းမတစ်လျှောက်တွင် အစိုးရဌာနဆိုင်ရာ အဆောက်အအုံများရှိလေသည်။ ထိုအဆောက်အအုံတို့မှာ များသောအားဖြင့် ပထမကမ္ဘာစစ်ပြီးသည့်နောက်မှ တည်ဆောက်ခဲ့သော အဆောက်အအုံများဖြစ်သည်။

ကက်ပီတော်၏ အနောက်ဘက် ပိုတိုမက်မြစ်ကမ်းအနီးတွင် လင်ကွန်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိသည်။ ထိုအဆောက်အအုံသည် ဂရိဝတ်ကျောင်းပုံဖြစ်၍ အတွင်း၌ အမေရိကန်သမ္မတ အေဘရာဟမ် လင်ကွန်း၏ ကျောက်ဖြူရုပ်တုရှိသည်။ ကက်ပီတော်နှင့် လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံအကြားတွင် ၅၅၅ ပေမြင့်သော ဝါရှင်တန်အထိမ်းအမှတ် ကျောက်ဖြူတိုင်ကြီးရှိလေသည်။ တစ်ဖန် ကက်ပီတော် အနောက်တောင်ယွန်းယွန်း တိုက်ဒယ်ဗေဆင် ရေအိုင်ဘေးတွင် ဂျက်ဖာဆန် အထိမ်းအမှတ် အဆောက်အအုံရှိသည်။ ဝါရှင်တန်မြို့တော်တွင် ဂျော့ဝါရှင်တန် တက္ကသိုလ်၊ အမေရိကန် ကက်သလစ် တက္ကသိုလ်၊ ဂျော့တောင်းတက္ကသိုလ်နှင့် ဟောင်းဝပ်တက္ကသိုလ်တို့သည် ထင်ရှားသော တက္ကသိုလ်များဖြစ်ကြသည်။ ထို့ပြင် အမျိုးသားအနုပညာပြတိုက်၊ သိပ္ပံပြတိုက် အစရှိသော ပြတိုက်အမျိုးမျိုး လည်းရှိလေသည်။

ဝါရှင်တန်မြို့တော်တွင် ခန့်မှန်းလူဦးရေ ၆၄၆,၄၄၉ (၂၀၁၃)ရှိ၍ သုံးပုံတစ်ပုံခန့်မှာ ကပ္ပလီလူမျိုးများ ဖြစ်ကြလေသည်။[၁]

  • ကိုးကား

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
Other Languages
Afrikaans: Washington, D.C.
Alemannisch: Washington, D.C.
aragonés: Washington, DC
asturianu: Washington DC
Aymar aru: Washington, DC
azərbaycanca: Vaşinqton şəhəri
žemaitėška: Vašingtons
Bikol Central: Washington, D.C.
беларуская: Вашынгтон
беларуская (тарашкевіца)‎: Вашынгтон (акруга Калюмбія)
български: Вашингтон
bamanankan: Washington, D.C.
བོད་ཡིག: ཝ་ཤིན་ཏྲོན།
বিষ্ণুপ্রিয়া মণিপুরী: ডিসটিক্ট অফ কলম্বিয়া, ডিসি
brezhoneg: Washington D.C.
català: Washington DC
Chavacano de Zamboanga: Washington, D.C.
Mìng-dĕ̤ng-ngṳ̄: Washington, D.C.
Tsetsêhestâhese: Vášêtaëno
qırımtatarca: Vaşington (şeer)
čeština: Washington, D.C.
Чӑвашла: Вашингтон
dolnoserbski: Washington, D.C.
Ελληνικά: Ουάσινγκτον
emiliàn e rumagnòl: Washington
Esperanto: Vaŝingtono
eesti: Washington
euskara: Washington
estremeñu: Washington D.C.
Võro: Washington
føroyskt: Washington DC
Nordfriisk: Washington, D.C.
Gàidhlig: Washington, D.C.
Avañe'ẽ: Washington D. C.
Bahasa Hulontalo: Washington, D.C.
客家語/Hak-kâ-ngî: Washington, D.C.
Fiji Hindi: Washington, D.C.
hrvatski: Washington
hornjoserbsce: Washington, D.C.
Kreyòl ayisyen: Wachintòn
Հայերեն: Վաշինգտոն ԿՇ
interlingua: Washington, D.C.
Bahasa Indonesia: Washington, D.C.
Interlingue: Washington, D.C.
italiano: Washington
Basa Jawa: Washington, D.C.
ქართული: ვაშინგტონი
Qaraqalpaqsha: Washington
Taqbaylit: Washington
Адыгэбзэ: Уашингтон
Kabɩyɛ: Wasɩŋtɔŋ
қазақша: Вашингтон
한국어: 워싱턴 D.C.
къарачай-малкъар: Вашингтон (Колумбия округ)
Кыргызча: Вашингтон
Lëtzebuergesch: Washington D.C.
Lingua Franca Nova: Distrito de Columbia
Limburgs: Washington D.C.
lingála: Washington
لۊری شومالی: ڤاشینگتون دی سی
lietuvių: Vašingtonas
latviešu: Vašingtona
Malagasy: Washington D.C
Baso Minangkabau: Washington, D.C.
македонски: Вашингтон
Bahasa Melayu: Washington, D.C.
Mirandés: Washington, D.C.
مازِرونی: واشینگتن دی سی
Plattdüütsch: Washington D.C.
नेपाल भाषा: वाशिंग्तन, दिसि
Nederlands: Washington D.C.
norsk nynorsk: Washington, D.C.
Sesotho sa Leboa: Washington, D.C.
Chi-Chewa: Washington, D.C.
Livvinkarjala: Vašington
Kapampangan: Washington, D.C.
Papiamentu: Washington D.C.
Pälzisch: Washington, D.C.
Norfuk / Pitkern: Woshingtun, D.K.
polski: Waszyngton
Piemontèis: Washington
português: Washington, D.C.
Runa Simi: Washington DC
rumantsch: Washington D.C.
tarandíne: Washington
русский: Вашингтон
русиньскый: Вашінґтон (місто)
sardu: Washington
davvisámegiella: Washington D.C.
srpskohrvatski / српскохрватски: Washington, D.C.
Simple English: Washington, D.C.
slovenčina: Washington D.C.
slovenščina: Washington, D.C.
Gagana Samoa: Uasigitone D.C.
chiShona: Washington, DC
Soomaaliga: Washington D.C
српски / srpski: Вашингтон
Sranantongo: Washington D.C.
Kiswahili: Washington, D.C.
ślůnski: Waszyngtůn
Tok Pisin: Wasington DC
Türkçe: Washington, DC
Xitsonga: Washington, DC
татарча/tatarça: Вашингтон (башкала)
reo tahiti: Washington
удмурт: Вашингтон
ئۇيغۇرچە / Uyghurche: ۋاشىنگتون
українська: Вашингтон
oʻzbekcha/ўзбекча: Vashington (shahar)
vepsän kel’: Vašington (lidn)
Tiếng Việt: Washington, D.C.
Volapük: Washington
хальмг: Вашингтон
Vahcuengh: Vazcingdonq
Bân-lâm-gú: Washington, D.C.