ခရမ်းပင်

Eggplant / Aubergine / Melongene / Brinjal
Solanum melongena ja02.jpg
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက:Plantae
(unranked):Angiosperms
(unranked):Eudicots
(unranked):Asterids
မျိုးစဉ်:Solanales
မျိုးရင်း:Solanaceae
မျိုးစု:Solanum
မျိုးစိတ်:S. melongena
ဒွိနာမ
Solanum melongena
L.
Synonyms

Solanum ovigerum Dunal
Solanum trongum Poir.
and see text

ခရမ်းပင်သည် အာလူး၊ ခရမ်းချဉ်ပင်တို့နှင့် မျိုးတူသည်။ ဘဲဥပုံသဏ္ဌာန် ဖြစ်သည်။ အရွက်များ၏ အရောင်မှာ စိမ်းဖန့် ဖန့် နေသည်။ အောက်ဖက်တွင် အမွေးနုများရှိသည်။ ပန်းများ ပွင့်ရာတွင် ထီးတည်း ပွင့်သည်။ အရောင်မှာ အဖြူ၊ အဝါ၊ သို့မဟုတ် ခရမ်းရောင်နု ဖြစ်သည်။ အသီးများသီးရာတွင် တွဲလျားသီး၍ ပုံသဏ္ဌာန်မှာ အလုံးပုံ၊ ဘဲဥပုံ၊ ရှည်မြောမြော ဖြစ်သည်။ အရှည်မှာ ၁ လက်မမှ ၁၂ လက်မအထိ ရှိတတ် သည်။ အရွယ်မှာ ငန်းဥအရွယ်မှ လူကြီးကန်သော ဘောလုံး အရွယ်အထိ ရှိသည်။ အရောင်မှာ၊ အဖြူ၊ ခရမ်းရောင်၊ အနီ၊ သို့မဟုတ် အဝါ ဖြစ်သည်။ အခွံသည် ပြောင်ချော၍ တစ်ခါ တစ်ရံ အစင်းများပါသည်။ ခရမ်းသီးများ မှည့်ရန် ၃ လ ၄ လမျှ ကြာသည်။

ခရမ်းသီးသည် အာဟာရဓာတ်ကို ကောင်းစွာ မပေးစွမ်း နိုင်သော်လည်း လူကြိုက်များပေသည်။ ခရမ်း ဖြစ်ထွန်းရာ မူလဇာတိမှာ အပူပိုင်းဒေသဖြစ်သည်။ သို့သော် ယခုအခါ သမပိုင်းဇုန်ရှိ အနိုင်နိုင်ငံတွင် စိုက် ပျိုးလျက် ရှိကြပေပြီ။ ခရမ်းပင်များတွင် ပိုးများ ကျရောက်တတ်သည်။ ပိုးကျလျှင် အရွက်များတွင် အပေါက်ငယ်ကလေးများ ဖြစ်လာသည်။ ထို အခါ အပင်မကြီးထွားနိုင်တော့ချေ။ ပိုးများကို ကာကွယ်ရန် ဗေါ်ဒိုးမစ္စချာခေါ် အဆိပ်တစ်မျိုးကို အသုံးပြုကြသည်။ ထိုအဆိပ်မျိုးတွင် ဒုတ္ထာအပြင်၊ ထုံးနှင့်ရေကို ၄:၄:၅ အချိုးဖြင့် ရောစပ်ထားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် ခရမ်းပင်များနှင့် သင့်တော် သော ရာသီဥတုရှိသဖြင့် ခရမ်းပင်များကို အမြောက်အမြား အနှံ့အပြား စိုက်ပျိုးကြသည်။ ခရမ်းအမျိုးမှာ များပြားလှပေ သည်။ ထိုအနက် အသီးများသော ခရမ်းမျိုးများမှာ ခရမ်းရှည်၊ ခရမ်းပုအကြီးစား၊ ခရမ်းပုအငယ်စား၊ ခရမ်းကြွပ်၊ ဆင်ခရမ်း၊ မြေပုံခရမ်း၊ ခရမ်းခဆော့၊ ခရမ်းစပ်၊ မြို့ဖျက်ခရမ်း၊ ထောပတ် ခရမ်း၊ လသာခရမ်းနှင့် ဆယ်စွယ်ခရမ်းများ ဖြစ်ကြသည်။ခရမ်းပင်များကို စိုက်ပျိုးရာတွင် တူးဆွထားသောမြေ၌ မြေဩဇာ (နွားချေးခြောက်)ကို ရောကာ မျိုးစေ့များကို ပျိုးယူ ရသည်။ ပျိုးပင်ကလေးများ အတော်ကြီးလာသောအခါတွင် ၂ ပေခွဲစီ ကွာသော စိုက်ခင်းပေါင် တန်းများပေါ်တွင် တစ်ပင်နှင့် တစ်ပင် ၂ ပေစီ ခွာလျက် ပြောင်းရွေ့စိုက်ရသည်။ ခရမ်းသီး များ သီးလာသောအခါ အကိုင်းဖျားတို့၌ ရှိသော အညွန့်တက် များကို ချိုးဆိတ်ပေးရသည်။ သို့ဖြင့် ခရမ်းကောင်းမွန်စွာ ဖြစ် ထွန်းနိုင်သည်။[၁]

  • ကိုးကား

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
Other Languages
Аҧсшәа: Абаклаџьан
Acèh: Truëng
አማርኛ: ባዚንጀን
Ænglisc: Ǣgwyrt
العربية: باذنجان
azərbaycanca: Badımcan
تۆرکجه: بادیمجان
Bikol Central: Talong
беларуская: Баклажан
български: Патладжан
भोजपुरी: बैगन
Bislama: Obesin
বাংলা: বেগুন
བོད་ཡིག: རྡོ་ལུ་མ།
brezhoneg: Berjinez
bosanski: Patlidžan
català: Alberginiera
Mìng-dĕ̤ng-ngṳ̄: Giò (sĭk-ŭk)
کوردی: باینجان
corsu: Milanzana
Cymraeg: Planhigyn ŵy
dansk: Aubergine
Deutsch: Aubergine
dolnoserbski: Oberžina
ދިވެހިބަސް: ބަށި
Ελληνικά: Μελιτζάνα
English: Eggplant
Esperanto: Melongeno
eesti: Baklažaan
euskara: Alberjinia
فارسی: بادنجان
suomi: Munakoiso
français: Aubergine
Nordfriisk: Aubergine
Gaeilge: Ubhthoradh
galego: Berenxena
गोंयची कोंकणी / Gõychi Konknni: Vaingim
𐌲𐌿𐍄𐌹𐍃𐌺: 𐌰𐌳𐌳𐌾𐌰𐌺𐍂𐌰𐌽
ગુજરાતી: રીંગણ
客家語/Hak-kâ-ngî: Khiò
עברית: חציל
हिन्दी: बैंगन
hrvatski: Patlidžan
hornjoserbsce: Oberžina
Kreyòl ayisyen: Berejèn
magyar: Padlizsán
հայերեն: Բադրիջան
Bahasa Indonesia: Terung
Ilokano: Tarong
ГӀалгӀай: Жакъоп
íslenska: Eggaldin
日本語: ナス
Basa Jawa: Térong
ქართული: ბადრიჯანი
Qaraqalpaqsha: Baklajan
Kabɩyɛ: Kela
Kongo: Kitsukulu
қазақша: Кәді
ಕನ್ನಡ: ಬದನೆ
한국어: 가지 (식물)
कॉशुर / کٲشُر: وانٛگُن
kurdî: Balîcan
Кыргызча: Баклажан
Ladino: Berendjena
лакку: Бадуржан
lingála: Sóló
lietuvių: Baklažanas
latviešu: Baklažāns
македонски: Модар патлиџан
മലയാളം: വഴുതന
मराठी: वांगे
Bahasa Melayu: Terung
مازِرونی: وینگوم
Napulitano: Mulignana
नेपाली: भान्टा
Nederlands: Aubergine (plant)
norsk nynorsk: Aubergine
norsk: Aubergine
occitan: Aubergina
ଓଡ଼ିଆ: ବାଇଗଣ
ਪੰਜਾਬੀ: ਬੈਂਗਨ
Kapampangan: Balasenas
Picard: Oubàrjine
پنجابی: بتاؤں
پښتو: بانجان
português: Beringela
română: Vânătă
armãneashti: Vinitâ
русский: Баклажан
Kinyarwanda: Urutoryi
संस्कृतम्: वृन्ताकः
ᱥᱟᱱᱛᱟᱲᱤ: ᱵᱮᱸᱜᱟᱲ
sicilianu: Milinciana
سنڌي: واڱڻ
srpskohrvatski / српскохрватски: Patlidžan
Simple English: Aubergine
slovenščina: Jajčevec
српски / srpski: Патлиџан
Basa Sunda: Térong
svenska: Aubergine
Kiswahili: Mbiringani
தமிழ்: கத்தரி
ತುಳು: ಗುಳ್ಳ
తెలుగు: వంకాయ
тоҷикӣ: Бодинҷон
ትግርኛ: መለንዛና
Tagalog: Talong
lea faka-Tonga: Paingani
Türkçe: Patlıcan
ئۇيغۇرچە / Uyghurche: Çeyze
українська: Баклажан
اردو: بینگن
oʻzbekcha/ўзбекча: Baqlajon
Tiếng Việt: Cà tím
West-Vlams: Aubergine
walon: Belindjele
Winaray: Tarong
吴语: 落苏
ייִדיש: פאטלעזשאן
Vahcuengh: Lwggwz
中文:
Bân-lâm-gú: Kiô-á
粵語: 矮瓜