ကြယ်ပုဝါ

နေသည် ကြယ်ပုဝါအမျိုးအစားအတွက် ဥပမာတစ်ခုပင်ဖြစ်သည်။

ကြယ်ပုဝါ (အမျိုးအစား:G-V) သည် ပင်မ အစီအစဉ် အတွင်းရှိကြယ်အမျိုးအစားတစ်ခုဖြစ်သည်။ တောက်ပမှုသည် အဆင့် V စတီလာအမျိုးအစားမှာ G ရှိသောကြောင့် တခါတရံ G-V အမျိုးအစားဟု သုံးနှုန်းသည်။ ယင်းကြယ်မျိုးသည် နေထုထည် ၀.၈ မှ ၁.၂ အရွယ်အစားရှိပြီး မျက်နှာပြင်အပူချိန်မှာ ၃၃၀၀ နှင့် ၆၀၀၀ ကေလ်ဗင်ကြားတွင် တည်ရှိသည်။ [၁] ယင်းကြယ်အမျိုးအစားများသည် ဟိုက်ဒရိုဂျင်အား ဟီလီယမ်အဖြစ်ပြောင်းလဲပေးပြီး နယူကလိယား ပေါင်းစပ်ခြင်းအား ဖြစ်ပေါ်စေသည်။ [၂] နေသည် နေအဖွဲ့အစည်းတွင် ဒြပ်ဆွဲအားဖြင့် လွှမ်းခြုံထားကာ မြင်သာသောအရွယ်အစားမှာ အကြီးမားဆုံးပင်ဖြစ်သည်။ နေသည် ကြယ်ပုဝါအတွက် အကောင်းဆုံး နမူနာတစ်ခုဖြစ်ပြီး အခြားသောကြယ်များမှာ အယ်လဖာ စင်တော့ရိအေ၊ တောင်း စင်သီ၊ ၅၁ ပီဂါဆီ တို့ဖြစ်ကြသည်။ [၃] [၄] [၅]


ကြယ်ပုဝါဟု သုံးနှုန်းရခြင်းမှာ ပင်မအစီအစဉ်အတွင်းရှိကြယ်များထဲတွင် G အဆင့်ရှိကာ အနည်းငယ် အဝါရောင်သမ်းသောကြောင့် ဖြစ်သည်။ [၆] နေသည် အမှန်တကယ်မှာမူ အဖြူရောင်ဖြစ်သည်။ သို့သော် ကမ္ဘာလေထုကြောင့် အဝါရောင်အဖြစ် မြင်ရသည်။ နေကဲ့သော တောက်ပသောကြယ်ပုဝါများသည် နဂါးငွေ့တန်း ဂယ်လက်ဆီတွင် ၉၀ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။ အခြားသော ကြယ်ပုနီကြယ်ဖြူပုတို့မူ ပိုမိုမှေးမှိန်ကြလေသည်။ G-type ကြယ်တို့သည် ဟိုက်ဒရိုဂျင်လောင်စာအား နှစ်ပေါင်း ၁ဝ ဘီလီယံနီးပါးခန့် လောင်ကျွမ်းစေကာ သက်တမ်းအား ကုန်လွန်စေသည်။ ထို့သို့ပြီးပါက ဧရာမ ကြယ်နီအဖြစ် ပြောင်းလဲသွားပေမည်။ [၇] ယင်းကဲ့သို့ ဧရာမ ကြယ်နီကြီးမှ ဆက်လက်လောင်ကျွမ်းပြီးပါက ကြယ်ဖြူပုအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။


Other Languages
Afrikaans: Geeldwerg
беларуская: Жоўты карлік
беларуская (тарашкевіца)‎: Жоўты карлік
català: Nana groga
Deutsch: Gelber Zwerg
Esperanto: Flava nano
euskara: Nano hori
français: Naine jaune
italiano: Nana gialla
日本語: G型主系列星
Lëtzebuergesch: Gielen Zwerg
македонски: Жолто џуџе
Bahasa Melayu: Kerdil kuning
norsk: Gul dverg
português: Anã amarela
slovenčina: Žltý trpaslík
svenska: GV-stjärna
Türkçe: Sarı cüce
татарча/tatarça: Сары кәрлә
українська: Жовтий карлик
文言: 黃矮星