ကျောက်ခွဲပင်

ကျောက်ခွဲပင်

ကျောက်ခွဲပင်သည် 'ဆက်စီဖရာဂေးစီး' (Saxifragaceae) မျိုးရင်းတွင် ပါဝင်သည်။ ဆက်စီဖရိတ်မှာ လက်တင်ဘာသာ စကားဖြစ်၍ ကျော်ကခွဲပင်ဟု အဓိပ္ပါယ်ရသည်။ အမည်နှင့် လိုက်အောင် ထိုအပင်များသည် ကျောက်မြေ ကျောက်ခဲများရှိသော နေရာ များတွင်သာ ပေါက်ရောက်လေ့ရှိပြီး အမြစ်များသည် မြေကြီးမှ ရေနှင့် ဓာတ်သတ္တုများ ရရှိရေးအတွက် ကျောက်မြေများကို ခွဲဖောက်ကာ စွဲမြဲစွာ ပေါက်ရောက်တတ်သည်။ ထို့ကြောင့် ကျောက်ခွဲပင်များသည် အပင်လောကတွင် အတော်အတန် ထင်ရှားသည်။ ယင်းတို့ကို စိုက်ပျိုးရန် လွယ်ကူသည်။ အချို့ ကျောက်ခွဲပန်းမျိုးမှာ အလွန်လှပသောကြောင့် ဥယျာဉ်ခြံမြေ များတွင် စိုက်ပျိုးကြ၏။

ကျောက်ခွဲပင်များ ပေါက်ရောက်ပုံမှာ ထူးဆန်းသည်။ အချို့မှာ တောင်များပေါ်တွင် ရေညှိကမ္ဗလာ ခင်းသကဲ့သို့ စိုစိုပြည်ပြည် စု၍ပေါက်ကြသည်။ အချို့မှာ တစ်ပင်စီ ခပ်ခွာခွာ ပေါက်သည်။ ရွက်လွှာကလေး များမှာ မွဲပြာရောင်ရှိ၍ နူးညံ့ သည်။ အပွင့်ကလေးများမှာ အဖြူ အနီ ပန်းရောင်နှင့် မရမ်းစေ့ရောင် စသည်ဖြင့် အရောင်ကွဲ အမျိုးမျိုးရှိသည်။ ပွင့်ရာတွင် အုံလိုက်စု၍ ပွင့်ညှာခိုင်အဖျားတွင် ပွင့်ကြသည်။ အလွန်လှပသော တောင်ကျောက်ခွဲ ပန်းရိုင်းတစ်မျိုး၏ အဝါ ရောင် အပွင့်ကလေးများတွင် အနီစက်ကလေးများ ပါရှိသည်။ အချို့အမျိုးမှာ အပွင့်သီးခြား မပွင့်ကြဘဲ ပင်စည်ဘေးရှိ ဖူးထွက်သော သစ်ဖုလုံးကလေးများမှ ထွက်၍ ပွင့်ကြသည်။[၁]


  • ကိုးကား

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
Other Languages
العربية: كاسر الحجر
azərbaycanca: Daşdələn
تۆرکجه: داش دلن
български: Каменоломка
català: Saxífraga
Cebuano: Saxifraga
čeština: Lomikámen
dansk: Stenbræk
Deutsch: Steinbrech
English: Saxifraga
español: Saxifraga
eesti: Kivirik
euskara: Saxifraga
فارسی: خاراشکن
suomi: Rikot
français: Saxifrage
עברית: בקעצור
hrvatski: Kamenika
hornjoserbsce: Rupik
magyar: Kőtörőfű
հայերեն: Քարբեկ
íslenska: Saxifraga
italiano: Saxifraga
ქართული: ფხიჯა
қазақша: Тасжарған
한국어: 범의귀속
kurdî: Berbir
lumbaart: Saxifraga
lietuvių: Uolaskėlė
Nederlands: Steenbreek
norsk nynorsk: Sildreslekta
português: Saxifraga
русский: Камнеломка
davvisámegiella: Nárttit
українська: Ломикамінь
Tiếng Việt: Saxifraga
Winaray: Saxifraga
中文: 虎耳草属